Connect with us

MYANMAR

ဇူလိုင် ၁ ရက် မှ ၁၅ ရက်အထိ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၇၅ ယူနစ်ထိ ထပ်မံကင်းလွတ်ခွင့်ပြု

လျှပ်စစ်တာဝါတိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း  အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၇၅ ယူနစ်ထိ စုစုပေါင်း (၇၅) ယူနစ်အတွက် ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ထပ်မံ ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဇူလိုင် ၁၀ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

Coronavirus Disease 2019 (COVID – 19) ရောဂါ ကာကွယ် ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇူလိုင် (၁) ရက်မှ ဇူလိုင်(၁၅) ရက်နေ့အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်း များနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ(မပါ)) အတွက် ထပ်မံကင်းလွတ်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ ၇၆ ယူနစ်နှင့် အထက်သုံးစွဲမှုများအား အလွှာလိုက် သတ်မှတ်နှုန်းထားများအတိုင်းပေးဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117