Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃ ဦးထပ်တိုး ၊ အတည်ပြုလူနာ စုစုပေါင်း ၃၁၆ ဦးထိရှိလာ 

ရန်ကုန်မြို့ ဘူတာကြီး၌ ရထားစီးရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ)

ယူအေအီးနိုင်ငံသို့ သွားရောက်ခဲ့သူ သုံးဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၁၆ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃ ဦးသည်အသွားအလာကန့်သတ်ထားရှိသူများ ဖြစ်ကြပြီး  ရန်ကုန်တိုင်းဒေသကြီး တာမွေ ၊ တောင်ဒဂုံ ၊ စမ်းချောင်းမြို့နယ်တို့မှ ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (တွေ့ရှိရသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်သူ စုစုပေါင်း  ၂၄၅) ဦးရှိကြောင်း ၎င်းတို့အနက် ၂၂၈ ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်းလည်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ဇူလိုင် ၆ ရက်အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၄)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ  ဓာတ်ခွဲနမူနာ (၂၈၂) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၂၈) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး  ခုတင် (၁,၀၀၀) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၆၂) ခု၊စုစုပေါင်း (၁,၃၂၆)ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117