Connect with us

Politics, Law & Military

ယနေ့အချိန်တွင် အမျိုးသား စည်းလုံး ညီညွတ်မှု အခိုင်အမာ တည်ဆောက်ရေးမှာ အရေးကြီးသော နိုင်ငံ့ တာဝန် ဖြစ်ကြောင်း (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့နိုင်ငံတော် သမ္မတ သဝဏ်လွှာ ပေးပို့

(၆၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ပေးပို့သော သဝဏ်လွှာ ကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြား နေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ယနေ့ အချိန်အခါတွင် အမျိုးသား စည်းလုံး ညီညွတ်မှုကို အခိုင်အမာ တည်ဆောက်ရေးသည် အရေးကြီး လှသည့် နိုင်ငံ့တာဝန် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ဖေဖော်ဝါရီ ၁၂ ရက် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယနေ့ကျင်းပ ပြုလုပ်သည့် (၆၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အလံအား အခမ်းအနားသို့တက်ရောက်လာသည့် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်တကွ တိုင်းရင်းသား ၊ တိုင်းရင်းသူများ ၊ ဂုဏ်ပြု တပ်ဖွဲ့များနှင့် တက်ရောက်လာသူများက အတူတကွ စုပေါင်း အလေးပြုခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားခဲ့သည်။

ထိုသဝဏ်လွှာတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သည့် တရားမျှတ လွတ်လပ်ပြီး စည်းကမ်း လိုက်နာသော ရွေးကောက်ပွဲကြီး ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် တိုင်းရင်းသား လူမျိုးစုများဖြင့် တည်ထောင် ထားသော ပြည်ထောင်စုကြီး၏ ညီညွတ်မျှတမှု ကို ဖော်ဆောင် လိုက်ခြင်းပင် ဖြစ်ကြောင်း ၊ ရွေးကောက်ပွဲ ရလဒ်များ အပေါ် မူတည်ပြီး နောက်တက်လာမည့် အစိုးရအဖွဲ့အစည်းထံ နိုင်ငံ၏ အနာဂတ်ကို သိမ်မွေ့ ညင်သာစွာ လွှဲပြောင်းပေးနိုင်ရေးကိုလည်း စီစဉ်နေကြပြီ ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေး အင်အားစု များစသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးတို့သည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်ထွန်းရေး အတွက် ကျရာ ကဏ္ဍ အသီးသီးမှရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း သဝဏ်လွှာတွင် တိုက်တွန်း ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117