Connect with us

Australia / Oceania

Zena မုန်တိုင်းကြောင့် နိုင်ငံအတွင်းရှိ စာသင်ကျောင်းအားလုံး ပိတ်ထားရန် ဖီဂျီနိုင်ငံ အစိုးရ ညွှန်ကြားထား

Zena မုန်တိုင်းဒဏ် ခံရနိုင်သည့် နေရာများအား အနီရောင် ဆေးခြယ်ပြထားသော သရုပ်ပြပုံ အားတွေ့ရစဉ် ( ဓာတ်ပုံ -အင်တာနက် )

ဆုဗ ၊ ဧပြီ ၆ ရက် ( ဆင်ဟွာ )

ပစိဖိတ် သမုဒ္ဒရာတွင်း ကျွန်းစုနိုင်ငံ တစ်ခုဖြစ်သည့် ဖီဂျီနိုင်ငံတွင် Zena အပူပိုင်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး အနိမ့်ပိုင်း နေရာအချို့တွင် ရေလွှမ်းမိုးနိုင်လာသဖြင့် နိုင်ငံအတွင်းရှိ စာသင်ကျောင်းများ အားလုံး ပိတ်ထားကြရန် ၂ဝ၁၆ ခုနှစ် ၊ ဧပြီလ ၆ ရက်တွင် တာဝန်ရှိသူများက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တစ်နာရီ ၃၅ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေသည့် Zena အပူပိုင်း မုန်တိုင်းသည် ဖီဂျီကျွန်းသို့လျင်လျင်မြန်မြန် ချဉ်းကပ်လာနေသည် ဟုဆိုသည်။ ပြင်းအား အဆင့် ( ၂ ) ရှိ ၎င်း မုန်တိုင်းသည် နိုင်ငံ၏ အဓိက ကျွန်းငယ်များဖြစ်သည့် Viti Levu ကျွန်း နှင့် နိုင်ငံမြောက်ပိုင်းရှိ Venua Levu ကျွန်း နှစ်ခုကြားမှ ဖြတ်သန်း ဝင်ရောက်လာနိုင်ခြေရှိကြောင်း မိုးလေဝသ ခန့်မှန်းသူများက ဆိုကြသည်။

ဖီဂျီနိုင်ငံ၏ အရှေ့ယွန်းယွန်းတွင် တည်ရှိသည့် အိမ်နီးချင်း Vanuatu ကျွန်းနိုင်ငံကလည်း အပူပိုင်းမုန်တိုင်း သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ ဖီဂျီနိုင်ငံ ပညာရေးဝန်ကြီး Mahendra Reddy က နိုင်ငံပိုင် ရေဒီယိုမှ တဆင့် နိုင်ငံတွင်းရှိ စာသင်ကျောင်း အားလုံးကို ပိတ်ထားရန် ညွှန်ကြားခဲ့ပြီး ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများ အနေဖြင့် ရေဒီယိုမှတဆင့် ထုတ်လွှင့်နေသော မုန်တိုင်း သတိပေးချက်များကို နားဆင်နေရန် အကြံပြုထားကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ တိုက်ခိုက်နေသည့် Zena အပူပိုင်းမုန်တိုင်းသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လက တိုက်ခတ်ခဲ့သည့် ပြင်းအားအဆင့် ( ၅ ) ရှိ ( Winston ) ဝင်စတန် အပူပိုင်း မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖီဂျီနိုင်ငံတွင်း အဆိုးဝါးဆုံး ဝင်ရောက်လာနေသည့် မုန်တိုင်း တစ်ခုဖြစ်သည်။ အဆိုပါ ဝင်စတန်မုန်တိုင်းကြောင့် လူပေါင်း ၄၄ ဦးသေဆုံးပြီး နိုင်ငံတွင်းရှိ အစိတ်အပိုင်းများစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း နှင့် နိုင်ငံအတွင်းရှိ အဓိက ကမ္ဘာလှည့် ခရီးသွား နေရာတစ်ခု ဖြစ်သည့် Nadi ဒေသသည်လည်း ရေနစ်မြုပ်ခဲ့ရသည်။ ( Xinhua )


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117