Connect with us

Europe

အီကွေဒေါ ငလျင်ပြီးနောက် အသက်ရှင်ကျန်ရစ်သူ ၁၁၃ ဦးအား ကယ်တင်နိုင်ခဲ့

ငလျင်ဒဏ်သင့် အီကွေဒေါနိုင်ငံသို့ ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ကွီတို၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံတွင် ဧပြီလ ၁၆ ရက်က ပြင်းအား ၇.၈ ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကယ်တင် နိုင်ခဲ့သည့် အသက်ရှင် ကျန်ရစ်သူကျန်ရစ်သူ အရေအတွက်မှာ ၁၁၃ ဦးရှိလာခဲ့ပြီဖြစ်ကြောင်း သဘာဝဘေး ကယ် ဆယ်ရေး တာဝန်ရှိသူများက ဧပြီလ ၂၉ ရက်က ပြောသည်။

ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူ ၆၅၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၆၀၅ ဦးရှိကြောင်း အန ္တရာယ်စီမံခန့်ခွဲမှု အတွင်းရေးမှူးက နေ့စဉ် အစီရင်ခံစာ၌ ကြေညာထားသည်။

ငလျင်ကြောင့် ထိခိုက် ပျက်စီးမှုအများဆုံး ဖြစ်သည့် Manabi ဒေသတစ်ခုထဲတွင် သေဆုံးသူ ၆၄၅ ဦးရှိကြောင်း သိရသည်။

ပျောက်ဆုံးသူ အရေအတွက်မှာလည်း ဧပြီလ ၂၈ ရက်တွင် ၄၂ ဦးမှ ဧပြီလ ၂၉ ရက်တွင် ၃၃ ဦးသို့ လျော့နည်းသွားခဲ့ပြီး ယာယီ စခန်းများ၌ နေထိုင်နေရသော ပြည်သူအရေအတွက်မှာလည်း ၂၉,၀၆၇ ဦးနှင့် ၂၂,၄၂၁ ဦးသို့ အသီးသီး လျော့နည်းသွားခဲ့ကြောင်း အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

ပျက်စီးမှု ပြင်းထန်သည့် ကျောင်းပေါင်း ၁၆၆ ကျောင်းရှိပြီး ငလျင်ဒဏ်သင့်ဒေသများ သို့ အစားအသောက် အကူအညီများ ဖြန့်ဝေခဲ့ပြီးကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဒါ့အ ပြင် လူပေါင်း ၃၇၆ ဦးမှာလည်း ဝှီးချဲများ၊ တုတ်ကောက်များ၊ လမ်းလျှောက်အကူ ကိရိယာများ၊ ချိုင်းထောက်များ၊ အိပ်ရာများနှင့် နားကြပ်များစသည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ အရေး ပေါ်လိုအပ်နေပါသေးသည်။

ငလျင်လှုပ်ခတ်ပြီးနောက် အစိုးရသည် ငလျင်ဒဏ်သင့်ခဲ့သည့် Las Guayas, Los Rios နှင့် Santa Elena စသည့် ကမ်းရိုး တန်းဒေသများအား အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117