Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈ နေရာ အတွက် ပါဝင် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်း အမည် စာရင်း ထုတ်ပြန်

၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲလက်မှတ်များအား ရေတွက်နေမူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈ နေရာ အတွက် ပါဝင် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၏ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းအား ယနေ့နိုဝင်ဘာ ၂၆ ရက်တွင် NLD မှ ထုတ်ပြန် ကြေညာခဲ့သည်။

ယခုထုတ်ပြန်လိုက်သည့် စာရင်းများ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၉ ဦး ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်တွင် ၂ ဦး နှင့် ပြည်နယ် လွှတ်တော်တွင် ၇ ဦး စုစုပေါင်း ၁၈ နေရာ အတွက် ယှဉ်ပြိုင်ရန် အမည်စာရင်းများအား ထုတ်ပြန်ခဲ့သည်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ မြို့နယ်၌ ဦးဝင်းမင်း ၊ ကော့မှူး မြို့နယ်၌ ဦးကျော်ဆွေဝင်း ၊ ဒဂုံမြို့သစ် (အရှေ ့ပိုင်း)မြို့နယ်၌ ဦးနေကျော် နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ဦးမြစိန် ၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ ဦးညွန့်အောင် ၊ မွန်ပြည်နယ် ချောင်းဆုံ မြို့နယ်၌ ဦးအေးဝင်း ၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ဦးဇော်ဝင်းမြင့် ၊ ရှမ်းပြည်နယ် အတွင်းရှိ ကျေးသီးမြို ့နယ်၌ စိုင်းအွမ်ခမ်း နှင့် မိုင်းရှူးမြို့နယ်၌ ဦးဝင်းနိုင် တို့ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား လွှတ်တော် မဲဆန္ဒနယ်များတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၄)တွင် ဒေါ်စန်းစန်းမြင့် နှင့် ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ်(၃)တွင် ဦးဘွဲ့ခိန်း တို့ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးလွီးဇီ ၊ ရှမ်းပြည်နယ် အတွင်းရှိ ညောင်ရွှေ မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးခင်မောင်ဝင်း ၊ ကျေးသီမြို ့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)တွင် စိုင်းဆိုင်လင်း နှင့် မဲဆန္ဒနယ်(၂)တွင် စိုင်းသန့်ဇင်လင်း ၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)တွင် ဦးကျော်ခင် နှင့် မဲဆန္ဒနယ်(၂)တွင် နန်းစင့်ခမ်း နှင့် ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)တွင် ဒေါက်တာ ဝဏ္ဏစိုးတို့ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာရှိသည့် အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ မဲဆန္ဒနယ် ၁၈ နေရာအတွက် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117