Connect with us

Politics, Law & Military

မောင်တော ဒေသသို့ ရက်သတ္တပတ်ကြာ စုံစမ်း စစ်ဆေးခဲ့မှု အပေါ် ကော်မရှင် သတင်း ထုတ်ပြန်

ရခိုင်ပြည်နယ် ၊ မောင်တော ဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ သတင်း ထုတ်ပြန်ချက်(ဓာတ်ပုံ-State Counsellor Office Information Committee)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာ မင်းကြီးရုံး (OHCHR) မှ ထုတ်ပြန်သည့် မောင်တော ဒေသ နှင့် စပ်လျဉ်းသော အစီရင်ခံစာပါ အချက်အလက်များအား ရခိုင်ပြည်နယ် ၊ မောင်တော ဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၇ ရက်ထိ သွားရောက် စုံစမ်း စစ်ဆေးခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ကော်မရှင်သည် OHCHR ၏ အစီရင်ခံစာပါ ထိခိုက် နစ်နာမှု ရှိကြောင်း ဖော်ပြပါရှိသည့် ကျေးရွာ ၂၀ သို့ သွားရောက်၍ မိမိတို့ အစီအစဉ်အတိုင်း သိုသိပ်စွာ သီးခြားတွေ့ဆုံမေးမြန်းသည့် နည်းလမ်းဖြင့် လည်းကောင်း ၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ အပေါ် အခြေခံသည့် နည်းလမ်းများဖြင့် လည်းကောင်း အချိန်ယူ၍ အသေးစိတ် ကွင်းဆင်း မေးမြန်း လေ့လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ကော်မရှင် ဥက္ကဌသည် မောင်တော ဒေသ၌ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် အသီးသီးနှင့် တွေ့ဆုံကာ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကော်မရှင်သည် စုံစမ်း စစ်ဆေးရေး တာဝန်များကို ဆောင်ရွက်ခဲ့သည့် အပြင် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး ၊ စီးပွားရေး ၊ လူမှုရေး နှင့် ဘာသာရေး ဆိုင်ရာ ကိစ္စရပ်များ ကိုလည်း ပိုမို တိုးတက် ကောင်းမွန်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117