Connect with us

Politics, Law & Military

နိုင်ငံ အဆင့်အတန်းသည် သံတမန်များ အပေါ်တွင် များစွာ မူတည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံခြားရေး ၀န်ကြီးဌာန နှစ် ၇၀ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

နိုင်ငံ၏ အဆင့်အတန်းသည် သံတမန်များ အပေါ်တွင် များစွာ မူတည်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော နိုင်ငံခြားရေး ဝန်ကြီးဌာနနှစ်(၇၀) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မိတ်ဆုံ ညစာစားပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“အထူးသဖြင့် နိုင်ငံ ခြားရောက် သွားရင် သံရုံးဝန်ထမ်းများရဲ့ နေပုံထိုင်ပုံ၊ စားပုံသောက်ပုံ၊ တခြား သံတမန် များနဲ့ ဆက်ဆံပုံ၊ အိမ်ရှင်နိုင်ငံရဲ့ အစိုးရနဲ့လည်းဆက်ဆံပုံတွေကိုကြည့်ပြီး ကျွန်မ တို့နိုင်ငံရဲ့ အဆင့် အတန်းကို သတ်မှတ်မှာပါ။ ဒီနိုင်ငံဟာ အဆင့်အတန်း ရှိသလား၊ မရှိဘူးလား၊ ဒီနိုင်ငံရဲ့ သံတမန်တွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ ကျွန်မတို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းတွေ ဟာ ကိုယ့်အတွက်တင်မက ကိုယ့်နိုင်ငံ အတွက်နေပေးနေရတာ ဖြစ်ပါ တယ်။ဦးဆောင်နေတဲ့ အစိုးရအတွက် လုပ်ရတာလည်းဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လုပ်ကိုင် နေသည့် ဝန်ထမ်းများသည် အခြားဝန်ကြီးဌာနများရှိ ဝန်ထမ်းများနှင့် မတူကြောင်း ၊ မိမိတို့၏ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုကို ကြည့်ပြီး မိမိတို့နိုင်ငံ၏ အဆင့်ကို သတ်မှတ်ခံရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

နှစ်ပေါင်း ၇၀ အတွင်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်ဆန်းမှ စတင် တာဝန် ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ၂၃ ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်ခဲ့သည့် နှစ်(၇၀)ပြည့်ချိန်တွင် ကမ္ဘာ့နိုင်ငံ ပေါင်း ၁၁၄ နိုင်ငံနှင့် သံတမန် အဆက်အသွယ် ထူထောင် ထားနိုင်ခဲ့ကြောင်း ၊ သံရုံး ၃၅ ရုံး၊ အဖွဲ့ရုံး ၃ ရုံး၊ ကောင်စစ် ဝန်ချုပ် ရုံး ၆ ရုံးထိ တိုးချဲ့ ဖွင့်လှစ်ခဲ့ကာ ဦးစီး ဌာန ၇ ခု ထူထောင်ပြီး ဝန်ထမ်း ၁၀၀၀ ကျော်နှင့် သံတမန် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြားဆက်ဆံရေးတာဝန်ကို ဆောင်ရွက်မည့် နိုင်ငံခြား ရေးဌာန (Department of Foreign Affairs) ကို ၁၉၄၇ ခုနှစ် မတ် ၁၇ ရက်တွင် အစိုးရအမိန့် ကြော်ငြာစာ အမှတ် ၇၇ ဒီ (အမ်အမ်) ၄၇ ဖြင့် သီးခြားဌာနတစ်ခုအဖြစ် ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူခဲ့ကြောင်း ၊ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံး တာဝန်ယူခဲ့သူ ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကို လွတ်လပ်ရေး ရပြီးချိန်တွင် နိုင်ငံခြားရေးရုံးတော် (Foreign Office) ဟု ခေါ်ဆိုခဲ့ပြီး ၁၉၆၇ ခုနှစ် မေ ၂၅ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန (Ministry of Foreign Affairs) ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117