Connect with us

Videos

နီပေါနိုင်ငံ၌ မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၁၄၃ ဦးထိ မြင့်တက်လာ

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံအနောက်ပိုင်းတွင် နိုဝင်ဘာ ၃ ရက်ညပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄၃ ဦးထိ မြင့်တက်လာခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ထိခိုက်ဒဏ်ရာရရှိသူဦးရေ ၁၆၆ ဦးထိ မြင့်တက်လာခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။နီပေါနိုင်ငံ အနောက်ပိုင်း Jajarkot နှင့် Rukum West ခရိုင်များတွင် နိုဝင်ဘာ ၃ ရက် ည ၂၃:၄၇ နာရီတွင် အင်အား ၆.၄ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်၏ မြေအောက်အနက်မှာ ၁၀ မှ ၁၅ ကီလိုမီတာကြား ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ (Xinhua)
—————————
Death toll up to 143 from Nepal earthquake
The death toll from a strong earthquake that hit western Nepal on Friday night has risen to 143, Nepal Police said on Saturday.
The number of the injured has increased to 166, Nepal Police said in a statement.
The 6.4-magnitude quake hit Jajarkot and Rukum West districts at 23:47 local time on Friday night, with a depth of 10-15 km, according to the authorities.
Xinhua News Agency correspondents reporting from Kathmandu.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.