Connect with us

Africa & Middle East

ပါလက်စတိုင်းအရေးတွင် တူကီယဲနှင့် အီဂျစ် နှစ်နိုင်ငံတို့က တူညီသောသဘောထားရှိကြောင်း တူကီယဲနိုင်ငံ သမ္မတ ပြောကြား

တူကီယဲနိုင်ငံ မြို့တော် အန်ကာရာ၌ တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန် (ယာ) နှင့် အလည်အပတ်ရောက်ရှိနေသော အီဂျစ်နိုင်ငံ သမ္မတ အယ်လ်စီစီတို့ လက်ဆွဲနှုတ်ဆက်နေသည်ကို စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)
တူကီယဲနှင့် အီဂျစ် နှစ်နိုင်ငံတို့က ပါလက်စတိုင်းအရေးတွင် တူညီသောသဘောထားရှိကြောင်း စက်တင်ဘာ ၄ ရက်၌ တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်သည် မြို့တော် အန်ကာရာ၌ အလည်အပတ်ရောက်ရှိနေသော အီဂျစ်နိုင်ငံသမ္မတ အယ်လ်စီစီနှင့် နှစ်နိုင်ငံဆက်ဆံရေး၊ ပါလက်စတိုင်း-အစ္စရေးအခြေအနေစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြားအဆင့်မြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ တည်ထောင်ရေး အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် နှစ်နိုင်ငံခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းကို အတူတကွ သက်သေပြုခဲ့ကြသည်။
ပါလက်စတိုင်းအရေးသည် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုအတွင်း အဓိကအကြောင်းအရာဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က ပြောကြားခဲ့သည်။ အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်မှုများကို ဦးစွာ ရပ်တန့်သင့်ကြောင်း သို့မှသာ ဂါဇာကမ်းမြောင်ဒေသ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံလုံးက ထင်မြင်ယူဆခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်း တိုက်ခိုက်မှုနှင့် နိုင်ငံရေးတင်းမာမှု ဖြစ်ပွားရာနေရာများအတွက် အဖြေရှာဖြေရှင်းရန် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် သဘောတူညီခဲ့ကြသည်။
အယ်လ်စီစီ၏ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်တင်ရန် နောက်ထပ် အရွေ့တစ်ခုဖြစ်ကြောင်း၊ “နှစ်နိုင်ငံကြား နက်ရှိုင်းခိုင်မာသော ဆက်ဆံရေးကို စဉ်ဆက်မပြတ် အားကောင်းစေရန် ကျွန်တော်တို့ လုပ်ဆောင်လျက်ရှိပါတယ်” ဟု အာဒိုဂန်က ပြောကြားခဲ့သည်။ တူကီယဲနှင့် အီဂျစ်တို့သည် လာမည့် ၅ နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၅ ဘီလီယံအထိရောက်ရှိရေး ရည်မှန်းချက်ဆီသို့ တည်ငြိမ်စွာ အရောက်လှမ်းနိုင်ရေး ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရန် အီဂျစ်နှင့် တူကီယဲတို့က တညီတညွတ်တည်း တိုက်တွန်းခဲ့ကြပြီး ဂျော်ဒန်အနောက်ဘက်ကမ်းတွင် အကြမ်းဖက် ပဋိပက္ခများကို အဆုံးသတ်ရန် အစ္စရေးကို တိုက်တွန်းခဲ့ကြောင်း အယ်လ်စီစီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အီဂျစ်နှင့် တူကီယဲတို့သည် တူညီသောအချက်များစွာရှိပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လျက်ရှိသည်ဟု အယ်လ်စီစီက ပြောကြားခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် အာဒိုဂန်၏ အီဂျစ်နိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားဖြစ်စေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် အီဂျစ်နိုင်ငံသမ္မတဟောင်း မိုဟာမက် မော်ဆီ ရာထူးမှ နုတ်ထွက်ပြီးနောက် အီဂျစ်နှင့် တူကီယဲကြား ဆက်ဆံရေး ယိုယွင်းလာကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခဲ့သည်။ ၂၀၂၁ ခုနှစ်မှစတင်၍ အီဂျစ်နှင့် တူကီယဲနိုင်ငံတို့မှ အဆင့်မြင့်သံတမန်အရာရှိများ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ယခင်နှစ် ဇူလိုင်လကလည်း အီဂျစ်နှင့် တူကီယဲ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ သံအမတ်အဆင့်ထိ ပြန်လည်ကောင်းမွန်ခဲ့ပြီး သံအမတ်များ အပြန်အလှန် စေလွှတ်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် အာဒိုဂန်သည် ဆယ်နှစ်ကျော်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အီဂျစ်သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)


…………………………………………
(Chinese Version)
土耳其总统:土埃两国在巴勒斯坦问题上有着共同立场
新华社安卡拉9月4日电(记者熊思浩)土耳其总统埃尔多安4日表示,土耳其和埃及两国在巴勒斯坦问题上有着共同立场。
埃尔多安当天在首都安卡拉与到访的埃及总统塞西就双边关系和巴以局势等问题举行会谈,并共同主持两国高级别战略合作委员会成立会议。随后,两国领导人共同见证签署了一系列合作文件。
埃尔多安在会谈后的联合记者会上说,巴勒斯坦问题是两国领导人会谈的首要议题。两国一致认为,以色列应首先停止对加沙地带的袭击,进而在加沙地带实现永久停火。两国领导人同意定期举行会谈,以寻找解决地区热点问题的办法。
埃尔多安表示,塞西此访是进一步推动两国关系的又一举措,“我们正在不断加强两国之间根深蒂固的关系”。他表示,土埃两国正朝着未来5年双边贸易额达到150亿美元的目标稳步迈进。
塞西在记者会上说,埃及和土耳其一致呼吁加沙停火,并敦促以色列结束在约旦河西岸的暴力冲突。
塞西说,埃及和土耳其有许多共同点,两国之间的合作正在增加。他表示,埃尔多安今年2月对埃及的访问为两国关系的发展提供了动力。
2013年埃及前总统穆尔西下台后,埃及和土耳其关系恶化,两国下调了外交关系级别。2021年开始,埃土两国高级别外交官员展开磋商。去年7月,埃及和土耳其恢复两国外交关系至大使级并互派大使。今年2月,埃尔多安时隔十余年后首次访问埃及。(完)
图说:9月4日,在土耳其首都安卡拉,土耳其总统埃尔多安(右)与到访的埃及总统塞西握手。