Connect with us

Economy

စီးပွားရေး ပေါင်းစည်းရေး အဆုံးသတ် တွန်းအားပေးရန် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး စတင် ကျင်းပ

၄၇ ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး (ဆင်ဟွာ)

ကွာလာလမ်ပူ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

အာဆီယံ စီးပွားရေး အသိုက်အဝန်း ကို ယခုနှစ်ကုန်တွင် တည်ထောင်ရန် အပြီးသတ် တွန်းအားပေးခြင်း အဖြစ် အာဆီယံ စီးပွားရေးဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအား စနေနေ့မှစ၍ ကျင်းပနေပြီး တရုတ်နိုင်ငံ အပါအဝင် အဓိက ကုန်သွယ်ဖက် နိုင်ငံများနှင့် ပိုမိုဆက်သွယ်နိုင်ဖို့ အဓိက ဆွေးနွေးလျက်ရှိသည်။

နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ကဏ္ဍများတွင် စိန်ခေါ်မှုများစွာ ရှိနေသော်လည်း စီးပွားရေး တစ်ခုဖြစ် ဖြစ်အောင် ပေါင်းစည်းရေးအတွက် ရှေးရှု တွန်းအားပေးရန် အာဆီယံက ဆုံးဖြတ်ထားကြောင်း အစည်းအဝေး တွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မလေးရှား နိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီး မူစတာပါ မိုဟာမက် က ၄၇ ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

၄၇ ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများအား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ သြဂုတ်လ ၂၂ ရက်မှ ၂၅ ရက်နေ့ အထိ ပြုလုပ်မည်ဖြစ်ပြီး အာဆီယံ စီးပွားရေး အသိုက်အဝန်း(ASEAN Economic Community= AEC) ၏ စံချိန်စံညွှန်းများအာ အကောင်အထည် ဖော်နိုင်ရန် အထူးသဖြင့် AEC ၂၀၁၅ ၏ အသေးစိတ် ဆောင်ရွက်မည့် အစီအစဉ်များအောက်တွင် သဘောတူ ထားသည့် အတိုင်း ပြည့်စုံအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်၊ ၂၀၁၅ ခုနှစ် အလွန် အာဆီယံ စီးပွားရေး မျှော်မှန်းချက်အား ၂၀၁၅ ခုနှစ်အထိ တိုးတက်လာစေရန်နှင့် နောက်လာမည့် ၁၀ နှစ်အတွင်း မဟာဗျူဟာ စီမံချက်များ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါသည်။

အစည်းအဝေးကို တရုတ်နိုင်ငံ အပါအဝင် အာဆီယံ၏ မိတ်ဖက်နိုင်ငံများလည်း တက်ရောက်ကြမည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ် နှံမှု စသည့် စီးပွားရေး ကဏ္ဍများတွင် ခိုင်မာလာစေမည့် နည်းလမ်းများ အကြောင်း ဆွေးနွေးကြမည် ဖြစ်သည်။

နိုင်ငံ ၁၀ နိုင်ငံ စုပေါင်းထားသော အုပ်စုအား ယခုနှစ်ကုန်တွင် နိုင်ငံရေး-လုံခြုံမှုရှိသော အသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်းနှင့် လူမှု-ယဉ်ကျေးမှုဆိုင်ရာ အသိုက်အဝန်း စသည့် မဏ္ဍိုင် သုံးရပ်ကို အခြေခံထားသော အာဆီယံ စီးပွားရေး အသိုက်အဝန်း တည်ထောင်ရန် ကြေညာထားသည်။

အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) အား ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး တည်ထောင်၍ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံများ ပါဝင်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117