Connect with us

Economy

အင်ဒိုနီးရှားနိုင်ငံသို့ကမ္ဘာလှည့် ခရီးသွားများ ဝင်ရောက်မှု ဧပြီလတွင် မြင့်တက်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ လေဆိပ်တွင် နိုင်ငံခြားခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသို့ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုသည် ပြီးခဲ့သော မတ်လက ၈.၉၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နောက်တွင် ယခုနှစ် အစောပိုင်းမှ ဧပြီလ အထိ ခရီးသည် ဝင်ရောက်မှုသည် ၁၄.၄၅ ရာခိုင်နှုန်းထိ တိုးတက်မှု ရှိခဲ့ကြောင်း စစ်တမ်းကောက်ယူရေး ဗျူရိုက ဇွန်လ ၁ ရက်တွင် ပြောကြားသည်။

၂ဝ၁၆ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား နိုင်ငံသို့ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် စုစုပေါင်း ၈၁၁,၂၃၃ ဦးရှိခဲ့ရာ မတ်လတွင် ဝင်ရောက်ခဲ့သော ၈ဝ၆,၁၁၈ ဦးထက် အရေအတွက် ပိုများသည်ကို တွေ့ရကြောင်း ဗျူရို အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနိုင်ငံအား စီးပွားရေး တောင့်တင်း ခိုင်မာသော နိုင်ငံတစ်ခု ဖြစ်လာရန် ရည်ရွယ်ပြီး အင်ဒိုနီးရှား အစိုးရသည် လာမည့် ၂ဝ၁၉ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကမ္ဘာလှည့် ခရီးသွား သန်း ၂ဝ ဝင်ရောက်လာရန် ပစ်မှတ်ထား ဆောင်ရွက်နေသည်။
၂ဝ၁၅ ခုနှစ်တွင် အင်ဒိုနီးရှား ကျွန်းစုနိုင်ငံ အတွင်းသို့ကမ္ဘာလှည့်ခရီးသွား စုစုပေါင်း ၉.၇၃ သန်း ဝင်ရောက်ခဲ့သည်။ ၎င်းပမာသည် နှစ်စဉ် ကမ္ဘာလှည့် ခရီးသွား သန်း ၂ဝ နီးပါး ဝင်ရောက်နေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့ဖြင့် နှိုင်းယှဉ်ပါက များစွာ လျော့နည်း နေသေးသည်။
အင်ဒိုနီးရှား နိုင်ငံ အစိုးရသည် နိုင်ငံအတွင်း ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု သတ်မှတ် အရေအတွက် ပြည့်မီရေး အတွက် ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၉ နိုင်ငံအား ဧည့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.