Connect with us

Economy

အာဆီယံနိုင်ငံအကြား စီးပွားရေး ကွန်ရက် ချိတ်ဆက်မှု မြှင့်တင်ရန် ဗီယက်နမ် ဝန်ကြီးချုပ် တိုက်တွန်း

အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေသည့် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ကျန်းဖက်ခ် (လယ်) အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် ဒေသတွင်း စီးပွားရေး ကွန်ရက်ချိတ်ဆက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးခြင်းနှင့် ညင်သာသော ကွန်ရက် ချိတ်ဆက်ခြင်းအား တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း ဒီဇင်ဘာလ ၈ ရက်တွင် ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ကျန်းဖက်ခ် (Nguyen Xuan Phuc) က ပြောသည်။

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ပြုလုပ်သည့် ၂၀၁၆ ခုနှစ် Bloomberg ASEAN Bussiness Summit ဖွင့်ပွဲ အခမ်းအနား၌ ယင်းသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာကြီးနှင့် အာဆီယံသည် လုံခြုံရေး၊ စီးပွားရေး၊ စားသောက်ရေး၊ ငွေရေးကြေးရေး၊ ရာသီဥတုပြောင်းလဲရေး၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးသို့ ပြန်လည်ဦးလှည့်ခြင်းနှင့် အခြား နယ်ပယ်များ၌ အလွန်ကြီးမားသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း ဖက်ခ်က ပြောကြားခဲ့သည်။

သို့သော်လည်း စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးသည် ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းသော စိန်ခေါ်မှုများစွာကို ဆောင်ကျဉ်းပေးခြင်းလည်း ဖြစ်ကြောင်း ဖက်ခ်၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံပိုင် သတင်းအေဂျင်စီ VNA က ဖော်ပြထားသည်။

ဒေသတွင်းနိုင်ငံများအချင်းချင်း ကုန်သွယ်မှုဆိုင်ရာ စီးဆင်းမှု၊ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုများ လွယ်ကူစေရေးနှင့် ထိရောက်ကာ ပေါင်းစည်းမှုရှိသော အာဆီယံ ဈေးကွက် တည်ဆောက်ရေးအား ဖက်ခ်က တိုက်တွန်းလိုက်သည်။

ယခု ကျင်းပသည့် အစည်းအဝေး၌ အထူး ဆွေးနွေးဝိုင်းများ ကျင်းပရန် ရှိပြီး စားသောက်ကုန်များ၊ အခြေခံ အဆောက်အအုံ၊ လူသုံးကုန်များနှင့် စွမ်းအင်၊ ဘဏ်စနစ်နှင့် ငွေရေးကြေးရေး၊ မီဒီယာနှင့် နည်းပညာ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြမည် ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေး၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.