Connect with us

Social & Culture

ကမ္ဘာတစ်ဝန်းရှိ ကျောင်းသား ၂၆ဝ ကျော် တက်ရောက်မည့် နိုင်ငံတကာ ဇီဝဗေဒပြပွဲ ပြိုင်ပွဲ ဗီယက်နမ်တွင် ကျင်းပမည်

ဗီယက်နမ်၌ ကျင်းပမည့် နိုင်ငံတကာ ဇီဝဗေဒပြပွဲ ပြိုင်ပွဲတွင် ပါဝင်ကြမည့် ဗီယက်နမ် ကျောင်းသားများအား တွေ့ရစဉ်( ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် နိုင်ငံတကာ ဇီဝဗေဒဆိုင်ရာ ပြပွဲပြိုင်ပွဲ (IBO) ကို ကမ္ဘာ့နိုင်ငံအသီးသီး ၊ နယ်ပယ်အသီးသီးမှ ကျောင်းသားပေါင်း ၂၆၄ ဦး တက်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

၎င်းပြပွဲ ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့၌ ဇူလိုင်လ ၁၇ မှ ၂၃ ရက်ထိ ကျင်းပသွားမှာ ဖြစ်ပြီး ကျောင်းသားဦးရေ အများဆုံး ပါဝင်မည့် ပွဲတော်ကြီး ဖြစ်ကြောင်း သိရသည်။
IBO ဇီဝဗေဒ ပြပွဲ ပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံ ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ ၂၇ ကြိမ်မြောက်ပြပွဲတွင် ဗီယက်နမ်ပညာရှင်များ နှင့် ဇီဝဗေဒပညာရှင်များ က တီထွင် ဖန်တီးထားသော ဇီဝဗေဒဆိုင်ရာ သီအိုရီအယူအဆများ နှင့် လက်တွေ့စမ်းသပ်မှုများကို ထုတ်ဖော် ပြသသွားမည်ဟု သိရသည်။
နိုင်ငံတကာ ဇီဝဗေဒဆိုင်ရာ ပြပွဲကို ကမ္ဘာတစ်ဝန်းရှိ အလယ်တန်းအဆင့် ကျောင်းသားများ နှစ်စဉ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရန် ရည်ရွယ်ပြီး ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ ထို့နောက် ပထမဆုံးအကြိမ် ပြပွဲကို ၁၉၉ဝ ပြည့်နှစ်တွင် ချက်သမ္မတနိုင်ငံ၌ ကျင်းပခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် အဆိုပါပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယနေ့အချိန်ထိ ရွှေတံဆိပ် ၁ ခု ၊ ငွေတံဆိပ် ၁ဝ ခု နှင့် ကြေးတံဆိပ် ၄၅ ခုထိ ဆွတ်ခူးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.