Connect with us

China

တရုတ်-အာရပ် နိုင်ငံများ ကုန်စည်ပြပွဲ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၌ ပြုလုပ်မည်

၂၀၁၅ ခုနှစ် တရုတ်-အာရပ် နိုင်ငံများ ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနား (ဆင်ဟွာ)

ရင်ချွမ်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများအကြား ဆက်ဆံရေး တိုးမြှင့်ရာတွင် ပေါင်းကူး တစ်ခုအနေဖြင့် ဒုတိယ အကြိမ်မြောက် တရုတ်-အာရပ် နိုင်ငံများ ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နိန်ရှားဟွေ့ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရှိ စက်တင်ဘာလ ၁၀ ရက်နေ့၌ ကျင်းပခဲ့သည်။

ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ ၂ ဘင် အယ်လ်-ဟူစိန်၊ မောရီတန်နီးရန်း သမ္မတ မိုဟာမက် အိုလ်ဒ် အဗ္ဗဒဲ အာဇစ် နှင့် အခြား ပြည်ပခေါင်းဆောင်များလည်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကုန်စည်ပြပွဲကို စက်တင်ဘာလ (၁၀) ရက်မှ (၁၃) ရက် အထိ လေးရက်တာ ကျင်းပမည် ဖြစ်ပြီး ပြပွဲရက်များအတွင်း အစိုးရ အရာရှိများနှင့် အလုပ်အမှုဆောင်များမှလည်း အကြံဉာဏ်များ မျှဝေကြရန် ရှိသလို စီးပွားရေး ပူးပေါင်း လုပ်ဆောင်ကြရန်လည်း ရှာဖွေ ဆွေးနွေး ကြမည် ဖြစ်သည်။

နှစ်နှစ် တစ်ကြိမ် ပြုလုပ်သော ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ စီးပွားကူးသန်း ဝန်ကြီးဋ္ဌာန၊ တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ နှင့် နိန်ရှား အစိုးရတို့က ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117