Connect with us

Local

တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် ဇန်နဝါရီ (၁)ရက်မှ စ၍ ပွင့်လင်းမြင်သာချပြရမည်

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (Contract Transparency) ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ (၁) ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရောင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၉ ရက်တွင်ပြောသည်။

“အခုလိုဆောင်ရွက်ရတာက မြန်မာနိုင်ငံက တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ အဲဒါကြောင့်အခုလိုဆောင်ရွက်တာပါ။ ပွင့်လင်းမြင်သာမှု ရှိအောင် ချပြတဲ့သဘောပေ့ါ။ ၂၀၂၁ ဇန်နဝါရီ ၁ ရက် ကစပြီး နောက်ပိုင်းချထားပေးတဲ့၊ ပြင်ဆင်တဲ့ စာချုပ်တွေက Contract Transparency ပုံစံနဲ့ ချုပ်ရမှာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီများနှင့် စီးပွားရေး အဖွဲ့အစည်းများသည် တွင်းထွက်သယံဇာတ လုပ်ငန်းတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ နှစ်ဦးနှစ်ဖက် ချုပ်ဆိုထားသောစာချုပ်များ၊ လိုင်စင်များ၊ သတ်မှတ်ချက်များ၊ သဘောတူညီမှုများကို အများပြည်သူ သိရှိစေရန် ပွင့်လင်းမြင်သာစွာ ချပြရမည်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117