Connect with us

Economy

တရုတ်နိုင်ငံရှိ ကမ္ဘာ့ဒုတိယအမြင့်ဆုံး ရှန်ဟိုင်းတာဝါ မိုးမျှော်တိုက်

ရှန်ဟိုင်းတာဝါ တည်ဆောက်ရေး လုပ်ငန်းခွင်အား ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ကမ္ဘာ့ဒုတိယအမြင့်ဆုံး ရှန်ဟိုင်းတာဝါ မိုးမျှော်တိုက် တည်ဆောက်ခြင်း စီမံကိန်းပြီးစီးခဲ့ကာ မကြာမီ ဖွင့်လှစ်ရန် ရှိကြောင်း ပြည်တွင်း မီဒီယာများ၌ ဖော်ပြထားသည်။

ရှန်ဟိုင်းတာဝါသည် တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ဖူတုန်း (Pudong) ခရိုင်အတွင်း တည်ရှိသည်။ ၎င်းအဆောက် အအုံပါဝင်သည့် စီမံကိန်း သည် စတုရန်းမီတာ ၂၀,၀၀၀ ခန့်ကျယ်ဝန်းသည့် မြေပေါ်၌ တည်ရှိပြီး အမြင့် ၆၃၂ မီတာရှိသည့် ထိုမိုးမျှော်တိုက်တွင် မြေပြင်ပေါ်၌ အထပ်ပေါင်း ၁၂၇ ထပ် ပါရှိပြီး မြေအောက်၌ ငါးထပ် ပါဝင် သည်။

ဒူဘိုင်းရှိ အမြင့် ၈၂၉.၈ မီတာမြင့်သော Burj Khalifa မိုးမျှော်တိုက်ပြီးလျှင် ရှန်ဟိုင်းတာဝါက ကမ္ဘာပေါ်မှာ ဒုတိယ အမြင့်ဆုံးဖြစ်သည်။

တစ်စက္ကန့်လျှင် ၁၈ မီတာ အမြန်နှုန်းဖြင့်သွားနိုင်သော ပေါ့ပါး မြန်ဆန်သည့် ဓာတ်လှေကားအား ရှန်ဟိုင်းတာဝါ တွင် တပ်ဆင်ထားပြီး လာရောက်လေ့လာသူများအနေဖြင့် ရှုခင်းများ လှည့်ပတ်ကြည့်ရှုရင်းဖြင့်ပင် အထပ် ပေါင်း ၁၁၉ ထပ်သို့ အချိန် ၅၅ စက္ကန့်အတွင်း ရောက်ရှိသွားနိုင်မည် ဖြစ်သည်။

ရှန်ဟိုင်းတာဝါ တည်ဆောက်ရာတွင် မြေအောက် ပေအနက် ၂၈၂ ပေတွင် ဖောင်ဒေးရှင်းတိုင်ပေါင်း ၉၈၀ စိုက် ထူထားသလို အဆောက်အအုံအခြေ ခိုင်ခံ့ရေးအတွက် ပေ ၂၀ အထူ အောက်ခံရရှိရန် ကွန်ကရစ် ကုဗပေ ၂.၁၅ သန်း လောင်းခဲ့ရပြီး အဆောက်အအုံ တစ်ခုလုံး၌ ဓာတ်လှေကားပေါင်း ၁၄၉ စင်းပါဝင်ကြောင်း သိရ သည်။

ထို ရှန်ဟိုင်းတာဝါအား တရုတ်နိုင်ငံပိုင် ဖွံ့ဖြိုးရေး ကုမ္ပဏီ လုပ်ငန်းစု တစ်ခုဖြစ်သော Shanghai Tower Construction and Development လီမိတက်က ၂၀၀၈ ခုနှစ် နိုဝင်ဘာလ၌ စတင်တည်ဆောက်ခဲ့ကာ ကုန်ကျစရိတ် အနည်းဆုံး အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံခန့် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117