Connect with us

Environment, Disasters & Accidents

ငလျင်ဇုန်တွင် နေအိမ်များ ပြန်လည် ပြုပြင်ရန် ယွမ် ငါးဘီလီယံ တရုတ် ထပ်မံ သုံးစွဲမည်

တရုတ်နိုင်ငံ ကွေ့ကျိုးဒေသ နမ်ကျား မြို့နယ်တွင် ၂၀၁၅ ခုနှစ် မတ်လ အတွင်း ငလျင်ကြောင့် ပျက်စီးသွားသော အဆောက်အုံ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ငလျင် ဖြစ်ပွားလေ့ရှိသော ဒေသများ၌ နေအိမ်များ စံနှုန်းမီ ပြန်လည် ပြုပြင် မွမ်းမံရန် ယွမ် ငါးဘီလီယံ (အမေရိကန် ဒေါ်လာ ၇၉၀ မီလီယံ ) ဖြည့်စွက် သုံးစွဲမည်ဟု တရုတ်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ကျေးလက် ဒေသများရှိ ပျက်စီး ယိုယွင်းနေသော နေအိမ်များ ပြန်လည် ပြုပြင်ရန် ဘတ်ဂျက်ငွေ ယွမ် ၃၁.၅ ဘီလီယံ သုံးစွဲပြီး ဖြစ်၍ အခုသုံးစွဲမည့် ဘတ်ဂျက်နှင့်ပေါင်းလျှင် စုစုပေါင်း ယွမ် ၃၆.၅ ဘီလီယံ ဖြစ်လာခဲ့သည်။

အဆိုပါ ထပ်တိုး ဘတ်ဂျက်အား ချို့တဲ့သော ဒေသများ ပြန်လည်ပြုပြင်ခြင်းနှင့် အထူးသဖြင့် ငလျင်ကြောင့် ပျက်စီးလွယ်သော ကျေးလက် ဒေသက နေအိမ်များ ပြန်လည် ပြင်ဆင်ရေး အရှိန်မြှင့် ဆောင်ရွက်ရန် နိုင်ငံတော် ကောင်စီက ချထားပေးခြင်း ဖြစ်သည်။

ကျေးလက်နေအိမ်များ ပြန်လည် ပြုပြင်ခြင်း အစီအစဉ်ကြောင့် ငလျင် ဖြစ်ပွားလေ့ရှိသော ဧရိယာတွင် နေထိုင်သူ အိမ်ထောင်စု ၁.၂၆ သန်း အပါအဝင် ကျေးလက်နေ အိမ်ထောင်စု ၄.၃၂ သန်း အတွက် အကျိုးကျေးဇူး ရှိနိုင်မည် ဖြစ်သည်။

အိမ်တစ်လုံးစီအတွက် ထောက်ပံ့ငွေ ယွမ် ၇,၅၀၀ သုံးစွဲမည် ဖြစ်ပြီး အဆိုးဆုံး ထိခိုက်ခဲ့သော အိမ်ထောင်စုနှင့် အိမ်များသည် ယွမ် ၁,၀၀၀ နှင့် ယွမ် ၂,၅၀၀ အသီးသီး ထပ်မံ ဖြည့်စွက် ထောက်ပံ့မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.