Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် အာကာသဓါတ်ခွဲခန်း နှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့

ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် Tianzhou-1 နှင့် အာကာသဓါတ်ခွဲခန်း Tiangong-2 တို့ ချိတ်ဆက်နေပုံအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ် Tianzhou-1 သည် ဧပြီ ၂၂ ရက် နေ့လည် ၁၂း၂၃နာရီတွင် ဂြိုလ်ပတ်လမ်းကြောင်းအတွင်းရှိ Tiangong-2 အာကာသဓါတ်ခွဲခန်း နှင့် အောင်မြင်စွာ အလိုအလျောက် ချိတ်ဆက်နိုင်ခဲ့ကြောင်း ပေကျင်းအာကာသထိန်းချုပ်ရေးစခန်း၏ ပြောကြားချက်အရ သိရသည်။

ယင်းသို့ အာကာသယာဉ် နှင့် အာကာသဓါတ်ခွဲခန်းတို့အကြား ချိတ်ဆက်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း သိရသည်။Tianzhou-1 သည် တရုတ်နိုင်ငံ၏ ပထမဆုံး ကုန်ပစ္စည်းထောက်ပံ့ရေး အာကာသယာဉ်ဖြစ်ပြီး ၎င်းအား တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ရှိ ဝမ်ချောင်းအာကာသယာဉ်လွှတ်တင်ရေးစခန်းက ဧပြီ ၂၀ ရက် ညနေပိုင်း တွင် လွှတ်တင်ခဲ့ပြီး ဧပြီ ၂၂ ရက် နံနက် ၁၀း၀၂နာရီတွင် Tiangong-2 အာကာသဓါတ်ခွဲခန်းသို့ အလိုအလျောက်ချဉ်းကပ်နိုင်ခဲ့ကာ အာကာသဓါတ်ခွဲခန်း နှင့် နေ့လည် ၁၂း၁၆နာရီတွင် ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရသည်။

Tinagzhou-1 နှင့် Tiangong-2 တို့သည် နောက်ထပ် ချိတ်ဆက်မှုနှစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ဒုတိယမြောက် ချိတ်ဆက်မှုအား မတူညီသည့်လမ်းကြောင်းမှ ချိတ်ဆက်သွားမည်ဖြစ်ပြီး အနာဂါတ် အာကာသစခန်းတစ်ခုအား မတူညီသောလမ်းကြောင်းအမျိုးမျိုးမှ ချိတ်ဆက်နိုင်ရန် ကုန်ပစ္စည်းထောက်ပံ့ရေး အာကာသယာဉ်၏ စွမ်းရည်ကို စမ်းသပ်ခြင်းဖြစ်သည်။တတိယမြောက် ချိတ်ဆက်ရာ၌ Tinagzhou-1 သည် လျင်မြန်စွာ ချိတ်ဆက်သည့် နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး ပုံမှန်အားဖြင့် ချိတ်ဆက်သော နည်းလမ်း ၂မျိုးရှိရာ လျင်မြန်စွာချိတ်ဆက်သော နည်းလမ်းသည် အချိန် ၆နာရီသာကြာမြင့်ကြောင်း သိရသည်။

လောင်စာဆီဖြည့်တင်းခြင်းလုပ်ငန်းစဉ်အား အဆင့်ပေါင်း ၂၉ဆင့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း သိရသည်။တရုတ်နိုင်ငံ၏ ပထမဆုံးသော အာကာသဓါတ်ခွဲခန်းဖြစ်သော Tiangong-2 အား ၂၀၁၆ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် လွှတ်တင်ခဲ့ပြီး အမြဲတမ်းအာကာသစခန်းတစ်ခုတည်ဆောက်ရန်အတွက် အဓိကကျသည့် အဆင့်တစ်ခုဖြစ်ကြောင်း သိရသည်။ကုန်ပစ္စည်းထောက်ပံ့ရေးအာကာသယာဉ်သည် အာကာသစခန်းတစ်ခုအား ထိန်းသိမ်းရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်နေပြီး ဂြိုလ်ပတ်လမ်းကြောင်းအတွင်း ကုန်ပစ္စည်းများနှင့် လောင်စာဆီများ သယ်ဆောင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။ (Xinhua)