Connect with us

Science & Technology

တရုတ်နိုင်ငံက အာကာသစခန်း အစီအစဉ်အတွက် Long March-5B ဒုံးပျံအသစ် လွှတ်တင်

တရုတ်နိုင်ငံ၏ Long March-5B ဧရာမ သယ်ဆောင်ရေးဒုံးပျံ အသစ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ မေ ၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝန်ချန်း၊ ဟိုင်နန်၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဧရာမ သယ်ဆောင်ရေးဒုံးပျံအသစ် Long March-5B သည် ကနဉီးပျံသန်းမှုကို မေ ၅ ရက်က ပြုလုပ်ခဲ့ပြီး အာကာသအတွင်းသို့ တရုတ်၏ လူလိုက်ပါနိုင်သော အာကာသယာဉ်မျိုးဆက်သစ် စမ်းသပ်ပုံစံနှင့် ကုန်ပစ္စည်းတင်ယာဉ် (cargo return capsule) တစ်စင်း အဖြစ် စမ်းသပ်လွှတ်တင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ခြင်းသည် အာကာသစခန်းတစ်ခု တည်ဆောက်မည့် တရုတ်နိုင်ငံ၏ လူလိုက်ပါနိုင်သည့် အာကာသအစီစဉ် တတိယမြောက်ခြေလှမ်းဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအစီအစဉ် အေဂျင်စီ (CMSA) က ပြောကြားခဲ့သည်။အဖြူရောင် ဒုံးပျံကြီးသည် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ကမ်းရိုးတန်းရှိ ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစင် မှ ပေကျင်းစံတော်ချိန် ညနေ ၆:၀၀ နာရီက လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ Long March-5B ဧရာမ သယ်ဆောင်ရေးဒုံးပျံ အသစ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ မေ ၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

စင်တာမှလွှတ်တင်ပြီး ၄၈၈ စက္ကန့်ခန့်ကြာပြီးနောက် စမ်းသပ် ကုန်ပစ္စည်းတင်ယာဉ်နှင့်အတူ မောင်းသူမပါသည့် လူလိုက်ပါနိုင်သော စမ်းသပ်ဆဲအာကာသယာဉ်သည်  ဒုံးပျံနှင့်ခွဲထွက်သွားကာ စီစဉ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း CMSA အရ သိရသည်။တရုတ်နိုင်ငံ၏ လူပါရှိသော အာကာသအစီအစဉ်အတွက် အထူးထုတ်လုပ်ထားသော Long March-5B အား အာကာသစခန်း၏ မော်ကျူး (module) များလွှတ်တင်ရန်အတွက် အဓိကအသုံးပြုသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ Long March-5B ဧရာမ သယ်ဆောင်ရေးဒုံးပျံ အသစ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ မေ ၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Long March-5B သယ်ဆောင်ရေးဒုံးပျံသည် တရုတ်နိုင်ငံ၏ အာကာသယာဉ်တည်ဆောက်မှုဆိုင်ရာ လှုပ်ရှားမှုများ ချဲ့ထွင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု တရုတ်နိုင်ငံ အာကာသယာဉ် တည်ဆောက်ရေး သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) အောက်ရှိ တရုတ် အာကာသယာဉ်လွှတ်တင်ရေးနည်းပညာ အကယ်ဒမီ အကြီးအကဲ ဝမ်ရှောက်ကျင်က ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ Long March-5B ဧရာမ သယ်ဆောင်ရေးဒုံးပျံ အသစ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ မေ ၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Long March-5B ဧရာမ သယ်ဆောင်ရေးဒုံးပျံ အသစ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ မေ ၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Long March-5B ဧရာမ သယ်ဆောင်ရေးဒုံးပျံ အသစ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ မေ ၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Long March-5B ဧရာမ သယ်ဆောင်ရေးဒုံးပျံ အသစ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ မေ ၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Long March-5B ဧရာမ သယ်ဆောင်ရေးဒုံးပျံ အသစ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ မေ ၅ ရက်က လွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Long March-5B အား အခြေခံကာ မွမ်းမံထားသည့် ဒုံပျံအသစ်ကြီးသည် ၁၈ ထပ်မြင့်သော အဆောက်အဉီအမြင့်ပမာဏ စုစုပေါင်း အလျား ၅၃.၇ မီတာရှိကြောင်း၊ အချင်းဝက် ၅ မီတာရှိသော ဗဟို stage တစ်ခု၊ အချင်းဝက် ၃.၃၅ မီတာ ရှိသော အဟုန်မြှင့်ဒုံးစက် လေးခုနှင့် ၂၀.၅ မီတာရှည်ပြီး အချင်းဝက် ၅.၂ မီတာ ရှိသော ဒုံးပျံအကာ (fairing) တစ်ခု ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဒုံးပျံအား သဘာဝပတ်ဝန်းကျင်နှင့်အညီ အောက်ဆီဂျင်အရည်၊ ဟိုက်ဒရိုဂျင်အရည်နှင့် ရေနံဆီ အပါအဝင် တွန်းကန်အားကို အသုံးပြုထားသည်။ ၎င်းဒုံးပျံသည် အလေးချိန် ၈၄၉ တန်ခန့်ကို တင်ဆောင်နိုင်ပြီး ပစ္စည်းကိရိယာ ၂၂ တန်ကျော်ကို ကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းသို့ ပို့လွှတ်နိုင်စွမ်းရှိကြောင်း၊ ယင်းပမာဏသည် ကားအစီးရေ ၁၀ စီးကျော်အလေးချိန်နှင့် ညီမျှကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ၏ ဒုံးပျံများအကြားကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းဆီသို့ အကြီးမားဆုံး သယ်ဆောင်နိုင်စွမ်းလည်း ဖြစ်ကြောင်း သိရသည်။ မေ ၅ ရက်က လွှတ်တင်သည့် ဒုံးပျံသည် Long March ဒုံးပျံစီးရီး၏ ၃၃၁ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117