Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အပျော်စီးလေယာဉ်ငယ်သစ် ပွဲဦးထွက်ပျံသန်းမှု အောင်မြင်စွာပြီးစီး

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့တွင် Lingyan AG50 အပျော်စီးလေယာဉ် ပွဲဦးထွက်ပျံသန်းနေသည်ကို ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မျိုးဆက်သစ် အပျော်စီးလေယာဉ်ငယ် Lingyan AG50 သည် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ဟူပေပြည်နယ်တွင် ပွဲဦးထွက်ပျံသန်းမှု အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း လေယာဉ်တည်ဆောက်သူ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်းက ပြောခဲ့သည်။

အဆိုပါ လေယာဉ်ငယ်သည် ကျင်းမန်မြို့ရှိ ကျန်းဟဲလေဆိပ်မှ နံနက် ၈:၃၈ နာရီက ပျံသန်းထွက်ခွာခဲ့ပြီး အချိန် ၁၂ မိနစ်ခန့် ပျံသန်းခဲ့ခြင်းဖြစ်သည်။ လေယာဉ် ပထမဆုံးအကြိမ်ပျံသန်းမှုမှာ အောင်မြင်စွာပြီးစီးခဲ့ကြောင်းနှင့် လေယာဉ်ပေါ်ရှိစနစ်များအားလုံး ပုံမှန်လည်ပတ်ခဲ့ကြောင်း လေယာဉ်စမ်းသပ်ပျံသန်းရေး လေယာဉ်မှူးချုပ် ဟွမ်ကျဲ့က ဆိုသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့တွင် Lingyan AG50 အပျော်စီးလေယာဉ် ပွဲဦးထွက်ပျံသန်းနေသည်ကို  ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့တွင် Lingyan AG50 အပျော်စီးလေယာဉ် ပွဲဦးထွက်ပျံသန်းနေသည်ကို  ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းမန်မြို့တွင် Lingyan AG50 အပျော်စီးလေယာဉ် ပွဲဦးထွက်ပျံသန်းနေသည်ကို  ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လေယာဉ်စမ်းသပ်ပျံသန်းရေးတာဝန် အုပ်ချုပ်သူအရာရှိချုပ် Gu Biao ၏ပြောကြားချက်အရ AG50 လေယာဉ်သည် လေကြောင်းကလပ်များ၊ အထွေထွေလေကြောင်းကုမ္ပဏီများ၊ လေ့ကျင့်ရေးကျောင်းများနှင့် ပုဂ္ဂလိက လေယာဉ်မှူးများအတွက် ပုံစံထုတ်လုပ်ထားခြင်းဖြစ်သည်။ လေယာဉ်ပျံသန်းထွက်ခွာစဉ် အများဆုံးအလေးချိန် ၆၅၀ ကီလိုဂရမ်နှင့် လေယာဉ်ဝန် ၂၄၅ ကီလိုဂရမ်သယ်ဆောင်နိုင်ပြီး အကွာအဝေးအားဖြင့် ၆၅၀ ကီလိုမီတာအထိ တစ်ဆက်တည်းသွားရောက်နိုင်ကာ နှင့် အမြန်နှုန်းမှာ တစ်နာရီလျှင် ၂၂၂ ကီလိုမီတာရှိကြောင်း သိရသည်။

လေယာဉ် ကနဦးစမ်းသပ်ပျံသန်းရာနေရာ၌ပင် ဝယ်သူအချို့က AG50 လေယာဉ်အတွက် အမှာစာများ ပေးပို့မှာယူခဲ့ကြောင်း လေယာဉ်ထုတ်လုပ်သူကဆိုသည်။  (Xinhua)