Connect with us

Social, Education & Health

“တရုတ်နိုင်ငံ လျောင်နင်းပြည်နယ်မှ ဆေးဝါးအထောက်အပံ့ပစ္စည်းများ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့ပို့ဆောင်” 

တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အပံ့များလှူဒါန်းသည့် လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

စိန်ယန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် မှ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများ အတွက် COVID-19 တိုက်ဖျက်ရေး အထောက်အပံ့ဖြစ်စေမည့် ဆေးဝါးအထောက်အပံ့ပစ္စည်းများ ပေးပို့လှူဒါန်းသည့် လေယာဉ် နှစ်စင်းမှာ လျောင်နင်းပြည်နယ် ၏ မြို့တော် စိန်ယန်မြို့မှ မတ် ၁၆ ရက်တွင် စတင် ထွက်ခွါသွားကြောင်းသိရသည်။ 

ထို ဆေးဝါးအထောက်အပံ့များ မှာ နှာခေါင်းစည်း ၁၅၅,၀၀၀ ခုနှင့် အကာအကွယ်ဝတ်စုံ ၇,၀၀၀ တို့ဖြစ်ပြီး  ဂျပန်နိုင်ငံအတွက် နှာခေါင်းစည်း ၇၉,၈၀၀ နှင့် အကာအကွယ်ဝတ်စုံ ၂,၀၃၀ အားလည်းကောင်း ကျန်သည့် ပစ္စည်းများအား တောင်ကိုရီးယားနိုင်ငံအတွက်လည်းကောင်း   ထို ပစ္စည်းများကို လျောင်နင်းပြည်နယ်က လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း လျောင်နင်း ပြည်နယ် အစိုးရ ပြည်ပရေးရာဋ္ဌာနမှ တာဝန်ရှိသူကဆို သည်။ 

တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အပံ့များလှူဒါန်းသည့် လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အပံ့များလှူဒါန်းသည့် လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အပံ့များလှူဒါန်းသည့် လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အပံ့များလှူဒါန်းသည့် လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အပံ့များလှူဒါန်းသည့် လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ဆေးဝါးအထောက်အပံ့များလှူဒါန်းသည့် လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

“COVID-19 ကပ်ရောဂါ ဖြစ်ပွား တော့ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံး က လျောင်နင်းပြည်နယ်မှာ အဓိက လိုအပ်တဲ့ ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။ အခု တရုတ်နိုင်ငံမှာ ရောဂါ ကူးစက်မှု ကျဆင်းသွားပြီးတော့ ပြည်နယ်အတွင်းမှာလည်း ထုတ်လုပ်ရေးလုပ်ငန်းတွေပြန်စနေပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ သူတို့တွေကို တလှည့်ပြန်ပြီး ကူညီဖို့ရတာပါ ဗျာ” ဟု  လျောင်နင်း ပြည်နယ် အစိုးရ ပြည်ပရေးရာဋ္ဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးချုပ် ကောင်းအန်ဟွာ က ဆို သည်။   (Xinhua)