Connect with us

INTERNATIONAL ORGANIZATION

ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဌသစ်အဖြစ် မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး ရွေးချယ်တင်မြှောက်ခံရ

ကုလသမဂ္ဂ ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

လာမည့် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)၏ ဥက္ကဌအဖြစ် မော်လ်ဒိုက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid အား ရွေးချယ်တင်မြှောက် လိုက်ကြောင်း သိရသည်။အထွေထွေညီလာခံဥက္ကဌသစ်အတွက် လျှို့ဝှက်မဲပေးရွေးချယ်မှုတွင် ၎င်းသည် ပြိုင်ဘက် အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီး Zalmai Rassoul အား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မော်လ်ဒိုက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Abdulla Shahid သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၁ နိုင်ငံမှ အဖွဲ့များ၏ လျှို့ဝှက်မဲပေးမှုတွင် ထောက်ခံမဲ ၁၄၃ မဲ ဖြင့် အထွေထွေညီလာခံဥက္ကဌရာထူးအတွက် ရွေးချယ်ခံရခြင်းဖြစ်သည်။

ယင်းမဲပေးမှုတွင် Rassoul က ထောက်ခံမဲ ၄၈ မဲရရှိခဲ့သည်။ ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် ရွေးကောက်ပွဲအနိုင်ရရန် အနည်းဆုံးထောက်ခံမဲ ၉၆ မဲလိုအပ်ကြောင်း သိရသည်။

Shahid က ၎င်း၏ မဲဆွယ်မှုပြုလုပ်ရာတွင် “ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမည့် ဥက္ကဌတစ်ဦး” ဟူ၍ ကတိကဝတ်ပြုခဲ့သည်။ တနင်္လာနေ့က ဥက္ကဌအဖြစ် ရွေးချယ်ခံရပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် Shahid က ကုလသမဂ္ဂအ‌ထွေထွေညီလာခံဥက္ကဌတစ်ဦးအနေဖြင့် ၎င်း၏ ဦးစားပေးလုပ်ငန်းစဉ်မှာ COVID-19 ကပ်ရောဂါမှ ပြန်လည်နလံထူရေးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

Shahid သည် ဥက္ကဌတာဝန်သစ်ကို လာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ထမ်းဆောင်သွားရမည်ဖြစ်သည်။ ၎င်းသည် လက်ရှိကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဌ တူရကီနိုင်ငံသား Volkan Bozkir ၏ နေရာတွင် ဆက်ခံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………………………
(English Version)
Maldives FM elected new president of UN General Assembly

UNITED NATIONS, June 7 (Xinhua) — The foreign minister of the Maldives, Abdulla Shahid, was on Monday elected the president of the upcoming 76th session of the UN General Assembly.
He was elected by secret ballot in which he defeated his challenger, former Afghan Foreign Minister Zalmai Rassoul. Shahid won the support of 143 of the 191 UN member states present and voting. Rassoul won 48 votes. A candidate needs at least 96 votes to get elected.
Shahid promised “a presidency of hope” in his campaign. In his speech to a General Assembly plenary session after his election on Monday, Shahid said his first priority as president of the General Assembly will be recovery from COVID-19.
Shahid will take up his new post in September 2021. He will replace the current General Assembly President Volkan Bozkir of Turkey.

Photo – Abdulla Shahid, Maldivian Foreign Minister and candidate for the presidency of the 76th session of the UN General Assembly (UNGA), addresses the UNGA informal interactive dialogue with the candidate for the position of president of the General Assembly for the 76th session at the UN headquarters in New York on May 6, 2021. (Manuel Elias/UN Photo/Handout via Xinhua)