Connect with us

MYANMAR

နေပြည်တော်၌ ညမထွက်ရန် ဒေသန္တရ အမိန့်များ ထုတ်ပြန်

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဒက္ခိဏခရိုင်တရားရုံးအား COVID-19 ကာကွယ်တားဆီးရေးအတွက် မျှဝေသောလက်များ ပရဟိတ အဖွဲ့က ပိုးသတ်ဆေးများ ဖျန်းပက်နေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရှစ်မြို့နယ်စလုံး၌ COVID – 19 ရောဂါ ကူးစက်ခံရမှု မရှိစေရေး၊ အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ဖြင့် သွားရောက်သူများ၊ ကျန်းမာရေး ကိစ္စ နာရေးကိစ္စ တို့မှအပ ဧပြီ ၁၈ ရက်နေ့မှစ၍ နေ့စဉ် ည ၁၀း၀၀ နာရီမှ နောက်တစ်နေ့ နံနက် ၄း၀၀ နာရီ အထိ အပြင်မထွက်ရန် ဒေသန္တရ တားမြစ်အမိန့်အား မြို့နယ်များအလိုက် သီးခြားထုတ်ပြန်သွားရန် နေပြည်တော်ကောင်စီက ဧပြီ ၁၈ ရက် နေ့စွဲဖြင့် အကြောင်းကြားစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းက “ဒီရောဂါက ပြည်သူလူထုတွေ ထင်တာထက်ပိုပြီး ကြောက်စရာကောင်းတဲ့ ရောဂါ ဖြစ်နေလို့ public health ကို အဓိကထားပြီး တားမြစ် ကန့်သတ်မှုတွေကို တဖြည်းဖြည်း တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် သွားဖို့ ရှိပါတယ်၊ အခု ညမထွက်ရ ဆိုတာကလည်း ပြည်သူတွေကို အလေ့အကျင့် စ လုပ်ပေးတဲ့ သဘောပါ၊ ညပိုင်း အပြင်မထွက်ရာကနေ နေ့ခင်းတွေမှာပါ မလိုအပ်ဘဲ အပြင်မထွက်တဲ့အထိ ဖြစ်လာစေချင်ပါတယ်” ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ထို့ကြောင့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား မြို့နယ် ရှစ်မြို့နယ်တို့က ဒေသန္တရ အမိန့်များ အသီးသီးထုတ်ပြန်ခဲ့ကြရာ အဆိုပါ အမိန့်ကို မလိုက်နာပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117