Connect with us

MYANMAR

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ ရိခေါ်ဒါရ် နယ်စပ်ဝင်ထွက်ပေါက်မှ နိုင်ငံခြားသားများဝင်ရောက်ခွင့်အား ယာယီပိတ်ပင်ထား

မြန်မာ-အိန္ဒိယ နယ်စပ်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရန် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ ရိခေါ်ဒါရ် နယ်စပ်ဝင်ထွက်ပေါက်မှ မြန်မာနိုင်ငံဘက်သို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်အား မတ် ၁၉ ရက်မှ စ၍  ယာယီပိတ်ပင်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၁ ရက် ဖော်ပြချက်အရ သိရသည်။

ထိုသို့ပိတ်ထားသော်လည်း နယ်စပ်ဝင်ထွက်ပေါက်များရှိ နှစ်ဖက်ဒေသခံပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass-BP)နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass-TBP)ဖြင့် ဝင်ထွက်ခွင့်ကို ပိတ်ပင်ခြင်းမရှိဘဲ ကိုယ်အပူချိန်တိုင်းတာမှုများ ခံယူပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပြီးမှသာ ဝင်ထွက်သွားလာခွင့်ပြု ပေးသွား မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာမည့် အခြားနိုင်ငံခြားသားများအား နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ဗီဇာ၊ ဗီဇာကင်းလွတ်ခွင့်၊ eVisa များဖြင့် ဝင်ရောက်ခွင့်အား ယာယီ ပိတ်ပင်ထားခြင်းဖြစ်ကြောင်းနှင့်  မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်တို့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်ရောက် ထွက်ခွာ ခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ဖော်ပြချက်တွင်ပါရှိသည်။  (Xinhua)