Connect with us

MYANMAR

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲအား ဧပြီလကုန်အထိရွှေ့ဆိုင်း 

ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon United Football Club)

ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) 

မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup (အေအက်ဖ်စီဖလား) ပြိုင်ပွဲ ကို COVID-19ကြောင့် ဧပြီလကုန်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က တာဝန်ရှိသူတစ်ဦး က ဆင်ဟွာ သို့ မတ် ၂၃ ရက်တွင်ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူက “မြန်မာကလပ်အသင်းတွေဖြစ်တဲ့  ရန်ကုန်ယူနိုက်တက် နဲ့  ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲ အုပ်စုပွဲတွေထဲက   မတ်နဲ့ ဧပြီလအတွင်းကစားမယ့်ပွဲအားလုံးကို ရွှေ့ဆိုင်းလိုက် တယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က မတ် ၁၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်’’ ဟုပြောသည်။ 

အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပလျက်ရှိပြီး ကမ္ဘာ့နိုင်ငံ များတွင် ဖြစ်ပွားနေသည့် COVID-19 ကြောင့် ခရီးသွား လာရခက်ခဲခြင်း၊ ပြည်ဝင်ခွင့်များ ခက်ခဲနိုင်ခြင်းတို့ကြောင့် ဧပြီလကုန်အထိ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အာရှဘောလုံးအဖွဲ့ချုပ်သည် ပြန်လည်ကစားမည့် ရက်များ ကို ထပ်မံထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး မြန်မာကလပ်အသင်း အနေဖြင့် အုပ်စုလက်ကျန်ပွဲများကို မေလမှသာ အစောဆုံးကစားရဖွယ် ရှိနေကြောင်း ၎င်းတာဝန်ရှိသူကဆိုသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117