Connect with us

MYANMAR

COVID-19 ပိုးတွေ့ရှိမှု ၂ ဒသမ ၁ ရာခိုင်နှုန်း နှစ်ရက်ဆက်တိုက်ရှိခဲ့

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ပိုးတွေ့ရှိမှုသည် ဇန်နဝါရီ ၂၆ ရက်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး လူနာသစ် ၄၁၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။ ဇန်နဝါရီ ၂၅ ရက် နှင့်၂၆ ရက် တို့တွင် ပိုးတွေ့ရှိမှု ၂ ဒသမ ၁ ရာခိုင်နှုန်း နှစ်ရက်ဆက်တိုက် ရှိခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၉,၆၆၇ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၄၁၁ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၆၆၅ ဦး နှင့် သေဆုံးလူနာ ၁၃ ဦး ရှိကြောင်း သိရသည်။မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၂၆ ရက်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာပေါင်း ၁၃၈,၃၆၈ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၂၂,၇၈၁ ဦး နှင့် သေဆုံးလူနာ ၃,၀၈၂ ဦး ရှိလာခဲ့ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစု စီမံချက်အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်း နှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှာသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.