Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တိုင်းဒေသကြီး/ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများ ကြုံတွေ့ရသဖြင့် ရေဘေးသင့်ပြည်သူများအား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း

ကရင်ပြည်နယ် မြဝတီမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ဇူလိုင်လ တတိယအပတ်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် ၊ တနင်္သာရီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည့် နေရာများမှ ပြည်သူများသည် ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်များသို့ ယာယီပြောင်းရွှေ့ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့်ကြားမှ COVID-19 လူနာများ နှင့် သေဆုံးလူနာများအား စေတနာ့ဝန်ထမ်းများက လှေဖြင့် သယ်ဆောင်ကူညီပေးနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ – Myanmar Rescue Organization Hlaing Bwe )

ကရင်ပြည်နယ် မြဝတီမြို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို ဇူလိုင် ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇူလိုင် ၂၈ ရက်တွင် ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီးတို့၌ မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

“တစ်မြို့လုံးပဲ။အနိမ့်ပိုင်းအိမ်တွေ ရေကြီးကြတာ။အခုစိတ်ချရတဲ့နေရာ ပြောင်းနေတယ်။”ဟု ကရင်ပြည်နယ် မြဝတီမြို့၌ နေထိုင်သော ဒေသခံတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၂၇ ရက် စာရင်းများအရ ကရင်ပြည်နယ်၌ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်၊ လှိုင်းဘွဲ့နှင့် မြဝတီမြို့များတွင် ရေဝင်မပြောင်းရွှေ့ အိမ်ထောင်စု ၂,၁၀၀ စုခန့်၊ လူဦးရေ ၁၁,၉၀၀ ကျော် ရှိပြီး ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု ၆၈၀ စုခန့်မှ လူဦးရေ ၃,၀၀၀ ကျော်တို့သည် ရေဘေးရှောင်နေရာ ၁၅ ခုနှင့် နီးစပ်ရာဆွေမျိုးများနေအိမ် များတွင် ယာယီ ခိုလှုံပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ သထုံ၊ ပေါင်နှင့် ရေးမြို့နယ်များတွင် ရေဝင်မပြောင်းရွှေ့ အိမ်ထောင်စု ၃,၃၀၀ စု ခန့်၊ လူဦးရေ ၁၀,၇၀၀ ကျော်ရှိပြီး ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု ၄,၅၀၀ စုခန့်မှ လူဦးရေ ၂၀,၀၀၀ ကျော်တို့သည် ရေဘေးရှောင်နေရာ ၁၁ ခုနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်တို့တွင် ယာယီပြောင်းရွှေ့ခိုလှုံနေထိုင်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်နီးပါး ဇွန် ၊ ဇူလိုင် ၊ ဩဂုတ် ၊ စက်တင်ဘာလများတွင် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးရေလျှံမှု ဖြစ်စဉ်များ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117