Connect with us

Culture & Entertainment

နိုင်ငံတကာ အဆင့်မီ ရေပေါ်ရေအောက် ငါးပြတိုက်၏ အပိုင်းတချို့အား ၂ဝ၁၆ ခုနှစ်တွင် ဖွင့်လှစ် ပြသသွားမည်

တရုတ်နိုင်ငံရှိ ငါးပြတိုက်တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ယခင်ရေချို ငါးဥယျာဉ် နေရာတွင် တည်ဆောက်လျက် ရှိသည့် မြန်မာ အကွာရီယံ နိုင်ငံတကာ အဆင့်မီ ရေပေါ်ရေအောက် ငါးပြတိုက်၏ တချို့အပိုင်းများအား ၂ဝ၁၆ ခုနှစ်တွင် ဖွင့်လှစ်ပြသ နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ငါးပြတိုက်သည် စုစုပေါင်း ကြမ်းခင်းဧရိယာ စတုရန်းပေ ၁၉ဝ,ဝဝဝ၊ အမြင့်ပေ ၄ဝ ရှိမည့် ကန်တော်ကြီး ပရိဝုဏ် အတွင်းရှိ အဆိုပါ ငါးပြတိုက်တွင် တစ်ထပ်ချင်း အမြင့် အနေဖြင့် ၁၂ ပေ ၆ လက်မ ရှိမည်ဖြစ်ပြီး စုစုပေါင်း ရေပမာဏ လီတာ ငါးသိန်း အသုံးပြု သွားမည် ဖြစ်သည်။၎င်းတာဝန်ရှိသူကပဲ “အဲ့ဒီ့ ငါးပြတိုက်မှာ ငါးမန်း အပါအဝင် ငါး အမျိုးအစား ပေါင်း ၅ဝဝ ခန့်၊ ငါးအကောင်ရေ တစ်သန်းခန့်ကို ပြသသွားမှာပါ။ ဒီငါးပြတိုက်က မြန်မာနိုင်ငံရဲ့ Landmark အသွင်ဖြစ်လာ မည်ဟု မျှော်မှန်း ထားပါတယ်’’ ဟုပြောသည်
အဆိုပါ ငါးပြတိုက်အား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁၅ သန်းကျော် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း၊ ပြတိုက်အတွင်း ရေငန်ငါးနှင့် ပင်လယ်ငါး မျိုးစိတ်များအား တစ်လှည့်စီ ပြသပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေပေါ် ရေအောက် ငါးပြတိုက် အသစ်ကို ယခင် ရေချို ငါးဥယျာဉ်ထက် ပိုမိုထူးခြား ဆန်းသစ်သည့် ပြကွက်များ၊ ရေချိုရေငန်ငါး များကို ရေပေါ် ရေအောက် အသွင်ဖြင့် အနီးကပ် လေ့လာနိုင်မည့် ပထမဆုံး ငါးပြတိုက် အဖြစ် တည်ဆောက် နေခြင်း ဖြစ်သည်။ မူလက ၂ဝ၁၅ ခုနှစ်အတွင်း ဖွင့်လှစ်ပြသ နိုင်ရန် စီစဉ် ခဲ့သော်လည်း ပြတိုက်အတွင်း အသုံးပြုမည့် ပစ္စည်းများကို ပိုမိုကောင်းမွန် စေရန် ရွေးချယ် နေခြင်းကြောင့် ၂ဝ၁၆ ခုနှစ်အတွင်း တစ်စိတ် တစ်ပိုင်း ပြသနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်းဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117