Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝ နယ်မြေအဖြစ် တည်ထောင်မည်

ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရှိသည့် အင်းလေးကန်အတွင်း လှေဖြင့် သွားလာနေသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်းရှိ ဧရိယာ၏ ၁၀ ရာခိုင်နှုန်းကို သဘာဝနယ်မြေ အဖြစ် တည်ထောင်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် သဘာဝ နယ်မြေအဖြစ် မြန်မာနိုင်ငံ၏ ဧရိယာ ၅ ရာခိုင်နှုန်းကို စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ရေရှည်တွင် ၁ဝ ရာခိုင်နှုန်း အထိ တိုးမြှင့် တည်ထောင်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဧရိယာ ၁ . ၉ ရာခိုင်နှုန်းခန့်၌ ဇီဝမျိုးကွဲများ တည်ရှိရာ နေရာခုနစ်ခုအထိ ရှိပြီး အဆိုပါ နယ်မြေများကို သဘာဝနယ်မြေများ အဖြစ် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ အကောင် အထည်ဖော်မှုတွင် သယံဇာတများကို ကာကွယ် အုပ်ချုပ်မှုများ အပြင် ဒေသခံများ ဖွံ့ဖြိုး တိုးတက်ရေးကိုပါ ဟန်ချက်ညီအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး သဘာဝနယ်မြေ ဒေသများ အဖြစ်သတ်မှတ်ခြင်း ကြောင့် ယင်း ဒေသ အတွင်းရှိ ဇီဝမျိုးကွဲများ အပြင် သစ်ခိုးထုတ်မှုများနှင့် ဂေဟစနစ်များကိုပါ ထိန်းချုပ် လာနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ သဘာဝနယ်မြေ အဖြစ် ဆောင်ရွက်မှုသည် ဇီဝမျိုးကွဲများ ဆုံးရှုံး ပျောက်ကွယ်မှုနှင့် ဂေဟစနစ် အတန်းအစား ကျဆင်းမှုများ လျော့နည်းစေရေး အတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများကို မြန်မာနိုင်ငံအတွင်း တိုးချဲ့ ဆောင်ရွက်ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်းရှိ ထင်ရှားသော အင်းလေးကန် ဒေသကိုလည်း ယခုနှစ် ဇွန် ၉ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) ရုံးချုပ်၌ ပြုလုပ်သည့် အစည်း အဝေးတွင် လူသားနှင့် ဇီဝ အဝန်းနယ်မြေ အဖြစ် အတည်ပြု သတ်မှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.