Connect with us

Environment, Disasters & Accidents

အာရှဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးဆု အတွက် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည်

ရှမ်းပြည်နယ် တောင်ပိုင်း အင်လေးကန်အား မြင်တွေ့ရရှိစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် မှ ရွေးချယ်ပေးအပ်သည့် အာရှဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ တရားဥပဒေ စိုမိုးရေးဆု အတွက် မြန်မာနိုင်ငံ မှ ကဏ္ဍသုံးခုတွင် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန မှ တာဝန်ရှိ သူတစ်ဦး ၏ ပြောကြားချက် အရသိရသည်။

အာရှဒေသ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ တရားဥပဒေ စိုးမိုးရေးဆု အတွက် ဆုသုံးမျိုး သတ်မှတ်ထားပြီး တောရိုင်း တိရစ္ဆာန်ဆိုင်ရာဆု၊ ဓာတုပစ္စည်းများ နှင့် စွန့်ပစ် ပစ္စည်းများ ဆိုင်ရာဆုများအား အဖွဲ့အစည်း သုံးခုစီနှင့် လူပုဂ္ဂိုလ် သုံးဦးစီကို ရွေးချယ်ချီးမြှင့် မည်ဖြစ်ရာ မြန်မာနိုင်ငံ၌ ကဏ္ဍသုံးခု စလုံးတွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုသည် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ဆုတစ်ခုဖြစ်ပြီး အိုဇုန်းလွှာကို ပျက်စီးစေသည့် ဒြပ်ပစ္စည်းများ၊ စွန့်ပစ်ပစ္စည်း နှင့် ဓာတုပစ္စည်းများ ကို တရားမဝင် သယ်ဆောင် တင်သွင်းခြင်းများမှ တားဆီး ကာကွယ်ခြင်း၊ တားမြစ်ထားသည့် မျိုးစိတ်များ နှင့် တခြား တောရိုင်း တိရစ္ဆာန်များကို တရားမဝင် ရောင်းဝယ် ဖောက်ကားခြင်း စသည့်နယ်ပယ် ရပ်များတွင် အရေးယူ ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းများအား ရွေးချယ် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်က စတင်ပေးအပ်သော ယင်းဆုသည် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်၏ ဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်း များအတွက် ဒေသအဆင့်ပတ် ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တရားဥပဒေ စိုးမိုးရေး ကွန်ရက် နှင့် အိုဇုန်းလွှာဆိုင်ရာ လိုက်နာ ဆောင်ရွက်ရေး အကူအညီ အစီအစဉ် နှင့် Free land Foundation တို့က ပူးပေါင်း ပေးအပ်သော ဆုဖြစ်ကြောင်း သိရ သည်။
ယင်းဆုအတွက် တရားမဝင် ပစ္စည်းများ ကို ဖမ်းဆီးမှုပြုလုပ် နေသည့် အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ Mobile Team) စသည့် အဖွဲ့အစည်းများ ကို စိစစ်ရွေးချယ်ကာ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် UNEP သို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ တွင် ပေးပို့ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန မှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117