Connect with us

Politics, Law & Military

ပြည်ခိုင်ဖြိုး ပါတီတွင်း အပြောင်းအလဲ လွှတ်တော်တွင်း ရိုက်ခတ်မှု မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် တွေ့ဆုံ နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်း ဗဟိုအလုပ်အမှုဆောင် အပြောင်းအလဲကြောင့် လွှတ်တော်အတွင်း ရိုကခတ်မှု မရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြည်ထောင်စု လွှတ်တော် အဆောက်အဦးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“လွှတ်တော်တွင်း ရိုက်ခတ်မှု မရှိသင့်ဘူး၊ ရှိလာရင်လဲ မဖြစ်သင့်ဘူး၊ ဒါကို စောင့် ကြည့်သွားရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပါတီတွင်း အပြောင်းအလဲနှင့် ပတ်သက်ပြီး ပြဿနာများ ဒီထက် မကြီးမားစေရန် တင်ပြခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) လတ်တလော ဖြစ်ပေါ်နေသည့် ကိစ္စများကို လွှတ်တော်အတွင်း ယူဆောင်လာခြင်း မပြုစေလိုကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့အစည်း အပြောင်းအလဲကို ပါတီတွင်း စည်းစည်းလုံးလုံး ဖြစ်ပြီး အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရန် ပြောင်းလဲခဲ့ ကြောင်း၊ မည်သူ့ကိုမျှ အာဃာတ မထားဘဲ ပါတီတွင်း စည်းလုံး ညီညွတ်မှု ရှိအောင် ဆောင် ရွက်ခြင်း ဖြစ်ကြောင်း ယင်းပါတီ၏ ဒုတိယ ဥက္ကဌ (ပူးတွဲ ဥက္ကဌ) တာဝန် ထမ်းဆောင်နေသည့် ဦးဌေးဦးက ဆိုသည်။

“ဒီနေ့ဖြစ်တဲ့ ကိစ္စတွေ အားလုံး သိပြီးသားပါ၊ ဒီထက် ဘာမှလဲ ပိုမလုပ်ဘူး၊ အခြား ကိစ္စတွေလဲ မရှိဘူး”ဟု ၎င်းက ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် အပြောင်းအလဲ မရှိဘဲ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း၊ ပါတီသည် လူအပြောင်းအလဲသာ ပြုလုပ်ခဲ့ပြီး မူဝါဒ ပြောင်းလဲခြင်း မရှိကြောင်း ဦးဌေးဦးက ဆိုသည်။

“လွှတ်တော်တွင်း ကိစ္စတွေပါ ပါလာရင်တော့ ပါတီတွင်း ကိစ္စသက်သက်လို့ လျစ်လျူရှု ထားလို့ မရတော့ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.