Connect with us

Politics, Law & Military

မြန်မာ နိုင်ငံ ရေပိုင်နက် အတွင်း လှေစီးဒုက္ခသည် ၇၀၀ ကျော် ထက်မံ ဖမ်းဆီးရမိ

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အနီးတွင် ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ ဘင်္ဂလီလူမျိုး ဒုက္ခသည်များ (ဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရန်ကုန်၊မေ ၂၉ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အနီးတွင် မေလ ၂၉ ရက်နေ့က လှေစီး ဒုက္ခသည် ၇၂၇ ဦးကို ထပ်မံ ဖမ်းဆီးရမိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်၏ ဖော်ပြချက် အရ သိရသည်။

မေ ၂၉ ယနေ့နံနက် ၆နာရီခွဲအချိန်တွင် တပ်မတော်ရေမှ စစ်ရေယာဉ်အမှတ်(၆၂၃) သည် ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေ မိုင်(၃၀)ခန့် အကွာ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ အလျား(၇၆)ပေခန့်ရှိ ပင်လယ်ငါးဖမ်းသင်္ဘောတစ်စီးအား တွေ့ရှိ၍ စစ်ဆေး ရာ ဘင်္ဂ ါလီလူမျိုး ကျား(၆၀၈)ဦး၊ မ(၇၄)ဦးနှင့် ကလေး(၄၅)ဦး စုစုပေါင်း (၇၂၇)ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါ ဘင်္ဂ ါလီ လှေစီးဒုက္ခသည်များအား တပ်မတော် (ရေ) မှ ဟိုင်းကြီးကျွန်းသို့ ဆက်လက် ခေါ်ဆောင် သွားလျက်ရှိကြောင်း ဖော်ပြထားသည်။

မေလ ၂၁ ရက်နေ့ ကလည်း မောင်တောမြို့နယ်၊ သင်္ဘောကွေ့ကျေးရွာ အနောက်ဘက် ရေမိုင် (၄) မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဒုက္ခသည် (၂၀၈) ဦးပါရှိသည့် စက်လှေ တစ်စီးကို ဖမ်းဆီးရမိခဲ့သည်။ စက်လှေပေါ်တွင် အသက် ၁၄ နှစ်ခန့် ၁၀ ဦးခန့် နှင့် ကျန်လူများမှာ အသက် ၃၀ နှင့် ၄၀ ကြားဖြစ်ကြောင်း၊ လှေသမား (၉) ဦးနှင့် စကားပြန် ဘင်္ဂလီ (၂) ဦးတို့လည်း ပါရှိပြီး စုစုပေါင်း (၂၁၉) ဦး ဖမ်းမိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117