Connect with us

Politics, Law & Military

ယာယီ ခိုလှုံခွင့် ပေးထားသော ကျန်ရှိ လှေစီးဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆက်လက် စိစစ်မည်

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် အတည်ပြုပြီးသည့် လှေစီး ဒုက္ခသည်များ နေရပ် ပြန်ရန် ပြင်ဆင်နေပုံ (ဓာတ်ပုံ-သတင်းစဉ်)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယာယီ ခိုလှုံ ခွင့်ပေးထားသော လှေစီးဒုက္ခသည် ၇၀၀ ကျော်ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ စိစစ်မှုများ ပြုလုပ်ပြီး သက်ဆိုင်ရာ နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း ယနေ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ယနေ့ ဘင်္ဂလားဒေ့ရှ်သို့ လွဲပြောင်းပေးခဲ့သည့် လှေစီး ဒုက္ခသည် ၁၅၀ အပြင် နိုင်ငံသား စိစစ်မှု ဆောင်ရွက်ဆဲ ကျန်ရှိသူများနှင့် မေလ ၂၉ ရက်နေ့တွင် ထပ်မံ ကယ်ဆယ်၍ ယာယီ ခိုလှုံခွင့် ပေးထားသော လှေစီးဒုက္ခသည် ၇၀၀ ကျော်တို့ကိုလည်း နှစ်နိုင်ငံ အမြန်ဆုံး စိစစ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအ ဖွဲ့ထံမှ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အလံတင် အစည်းအဝေး နှင့် လှေစီးသွားလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား (၁၅၀) ဦးလွှဲပြောင်းခြင်းအခမ်းအနား (ဓာတ်ပုံ-သတင်းစဉ်)

“ သူတို့တွေလဲ သူတို့နိုင်ငံကို အမြန် ပြန်ချင်နေကြပြီ၊ ဒီမှာ ခိုလှုံစဉ်မှာလဲ ကျွန်တော်တို့ဘက်က အကောင်းဆုံး စောင့်ရှောက် ပေးခဲ့တယ်” ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

တပ်မတော်(ရေ) က ကယ်ဆယ် ထားသည့် လှေစီး သွားလာသူ (၂၀၈) ဦးအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် အတည်ပြုပြီးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ဦးကို ယနေ့ နေ့လည်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် တောင်ပြို (လက်ဝဲ)သို့ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇား နယ်ခြားစောင့် တပ်ဖွဲ့ (၁၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခန်ဒါကာဆိုင်ဖူ အာလမ် ခေါင်းဆောင်သည့် အဖွဲ့ဝင် (၇) ဦးပါ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကို စစ်ဆေးကာ လွဲပြောင်းခြင်း အခမ်းအနားတွင် နှစ်ဖက် လက်မှတ်ရေး ထိုး၍ ပြန်လည် ခေါ်ဆောင်သွားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117