Connect with us

Politics, Law & Military

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သုံးဦးခန့်အပ်

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး များ ခန့်အပ်သော ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး သုံးဦးကို နိုင်ငံတော် သမ္မတဦးထင်ကျော်က ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရသိရသည်။

ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးလှမိုးရွှေ၊ မကွေးတိုင်းဒေသကြီးအတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး မင်းဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်ကျော်ဦးတို့ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

အဆိုပါ နေရာများတွင် ယခင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပဲခူးတိုင်းဒေသကြီးမှ ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီးမှ ဗိုလ်မှူးကြီး နိုင်ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ဗိုလ်မှူးကြီးမျိုးမင်းအောင်တို့သည် စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.