Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးလုပ်ငန်း အထောက်အကူပြု ချေးငွေ ကမ္ဘာ့ဘဏ်မှ ချေးမည်

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်းတင်ပြစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၂၀ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်၏ သက်တမ်းလွန်ပြီး ပယ်ဖျက်လိုက်ရသည့် ဖွံ့ဖြိုးမှု မူဝါဒ ချေးငွေ ဒေါ်လာ သန်းနှစ်ရာ အစား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရပြည့်ဝရေး စသည့် အခြား မူဝါဒ ချေးငွေများကို ထုတ်ချေးရန် ဆက်လက် ဆောင်ရွက်သွား မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည် ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။

“ပယ်ဖျက်လိုက်တဲ့ ချေးငွေဟာ လုပ်ငန်းစီမံကိန်း တစ်ရပ်ရပ်အတွက် ထုတ်ချေးခြင်း မဟုတ်ဘဲ ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့(IDA) က မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ကို တိုက်ရိုက် ထည့်ဝင်ပေးပြီး နိုင်ငံတော်အစိုးရသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အသုံးစရိတ်တွေအပေါ် လွတ်လပ်စွာ သုံးစွဲခွင့်ရှိတဲ့ Budget Support ချေးငွေ ဖြစ်ပါတယ်၊ သက်တမ်း နှစ်ကြိမ်တိုးအပြီး သက်တမ်း ကုန်သွားတဲ့အတွက် ဖျက်သိမ်းခဲ့ရတာပါ၊ ကမ္ဘာ့ဘဏ် ဒုတိယ ဥက္ကဋ္ဌ အပါအဝင်မစ်ရှင်အဖွဲ့ဝင်များနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ ညှိနှိုင်း ဆွေးနွေးချက်များအရ ဒီချေးငွေအစား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်တဲ့ လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရပြည့်ဝရေး စတဲ့ အခြား မူဝါဒ ချေးငွေများကို ထုတ်ချေးရန် ဆက်လက် ဆောင်ရွက်သွားပါမယ်” ဟု ဒုတိယ ဝန်ကြီးက ရှင်းလင်းတင်ခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117