Connect with us

Politics, Law & Military

ပြည်ထောင်စုရာထူးဝန် အဖွဲ့အနေဖြင့် အစိုးရရက်၁၀၀ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ မှ ပထမ ရက် (၁၀၀) ကာလ အတွင်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များကို အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုရာထူးဝန် အဖွဲ့အနေဖြင့် အစိုးရရက်၁၀၀ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံ့ဝန်ထမ်းဥပဒေအား ပြင်ဆင်သည့် ဥပဒေထုတ်ပြန်နိုင်ရေးဆောင်ရွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးဆောင်ရွက်ခြင်း၊ ပြန်တမ်းဝင်အရာရှိဝင်ပေါက်ရာထူးရေးဖြေစာ မေးပွဲမေးခွန်းပုံစံပြောင်းလဲခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသောပုံမှန်သင်တန်းများ ၊ စီမံခန့်ခွဲမှု သင်တန်းများနှင့် စပ်လျဉ်း၍ သင်ကြားမှုပုံစံများ ပြောင်းလဲခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခုတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများ နှင့် ဘာသာရပ် ပို့ချချက်များ အပေါ် ပြန်လည်သုံးသပ်ခြင်း၊ သင်ရိုးဇယား နှင့် သင်ရိုးညွှန်းတမ်းများအားသုံးသပ်ခြင်း နှင့် အသစ်ပြန်လည်ရေးဆွဲခြင်း ၊ဗဟိုဝန်ထမ်း တက္ကသိုလ် နှစ်ခုတွင် Civil Services Academy (CSA) များအား ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နှင့် Hanns Seidel Foundation ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် ပြည်သူ့ဝန်ထမ်း အကယ်ဒမီတည်ထောင်ရေး အကြံပြုအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဟု အမည်ပြောင်းလဲခဲ့ခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် တပ်ဆင်အသုံးပြုလျက်ရှိသော တက္ကသိုလ်တံဆိပ်၊ လက်မောင်းတံဆိပ်များသည် ခေတ်ကာလအားဖြင့် လျော်ညီမှု မရှိတို့ခြင်းကြောင့် တက္ကသိုလ်အမှတ်အသား လိုဂိုတံဆိပ်အသစ်၊ ဆောင်ပုဒ်အသစ်များ ပြင်ဆင်သတ်မှတ်ခြင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယညွှန်ကြားရေးမှုး၊ ညွှန်ကြားရေးမှုးများ၏ အကဲဖြတ်မှတ်တမ်း နှင့် ရာထူးတိုး မြှင့်ပေးရန် တန်းစီဇယားများစုစည်းခြင်း၊ အခြေခံဆရာ/ဆရာမများ တက္ကသိုလ်/ကောလိပ် ဆရာ/ဆရာမများအတွက် အထူးမွမ်းမံသင်တန်းများအားရပ်စဲခြင်းတို့ ကိုဆောင်ရွက်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.