Connect with us

Politics, Law & Military

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဥပဒေ မူကြမ်းအား ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် တင်ပြ

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) တို့အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေ မူကြမ်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းဇော်က ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံချက် နှင့် ယနေ့ ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “ ပြင်ဆင်မယ့် အထဲမှာ ပုဒ်မ ၄၃၆ ပါတယ်။ ပုဒ်မ ၅၉ (စ) ပါတယ်။ ၅၉ (စ) မှာဆိုရင် မိမိ၏ တရားဝင် သားသမီး တဦးဦး၏ ဇနီးနှင့် ခင်ပွန်းသည် နိုင်ငံခြားသား မဖြစ်စေရ ဆိုတဲ့ အချက်ကတော့ ပြုတ်သွားတယ်၊ ကျန်တဲ့ အချက်တွေက အရင်အတိုင်းပဲ ” ဟုပြောသည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အချက် ၃၀ နှင့် သီးသန့် အချက် ၅ ချက်အား ပြင်ဆင်ရန် တင်ပြခဲ့သည်။ ပြင်ဆင်မည့် ဇယား ၅ (တိုင်းဒေကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များ) နှင့် စပ်လျဉ်း၍ ယခင်က ရှိသည့် ပုဒ်မ ၁၉ အောက်တွင် ပုဒ်မ ခွဲ ၂၀ မှ ၃၉ အထိ ဖြည့်စွက်ချက် ပါရှိသည်။အဆိုပါ ဥပဒေကြမ်းအား လွှတ်တော် နှစ်ရပ်လုံးတွင် ဆက်လက် ဆွေးနွေး သွားမည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117