Connect with us

Politics, Law & Military

လူကုန်ကူးမှုများတွင် တရားစွဲတင်ရေးနှင့် ထိရောက်သောပြစ်ဒဏ်ပေးရေးတို့အတွက် ဆွေးနွေးအဖြေရှာကြ ရန် ရဲချုပ်တိုက်တွန်း

စတုတ္ထအကြိမ်မြောက် မြန်မာ-ထိုင်း-အင်ဒိုနီးရှား-ကမ္ဘောဒီးယား (၄) နိုင်ငံအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

လူကုန်ကူးမှု စုံစမ်းစစ်ဆေးမှုများတွင် တရားစွဲတင်ခြင်းနှင့် လူကုန်ကူးသူများအား ထိရောက်သော ပြစ်ဒဏ်ပေးနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးအဖြေရှာကြရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

သြစတြေးလျ-အာရှ လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ AAPTIP (Australia-Asia Program to Combat Trafficking in Persons) နှင့်အဖွဲ့အစည်းများမှ တရားဥပဒေဘောင်အတွင်း ဆောင်ရွက်ရေး (Law Enforcement) အဖွဲ့များအတွက် နည်းပညာထောက်ပံ့ ပေးခြင်း၊ စံလုပ်ငန်းစဉ်များ ပြဋ္ဌာန်းပေးခြင်း၊ Guide line များရေးဆွဲပြဋ္ဌာန်းပေးမှုကြောင့် လူကုန်ကူးမှု စုံစမ်းစစ်ဆေးမှုများတွင် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးအဖြေရှာကြ ရန်တိုက်တွန်းပါကြောင်း၊ ပိုမိုကောင်းမွန်သည့် ညှိနှိုှုင်း ဆောင်ရွက်မှုများ ဆက်လက် ပြုလုပ်သွား ရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

စတုတ္ထအကြိမ်မြောက် မြန်မာ-ထိုင်း-အင်ဒိုနီးရှား-ကမ္ဘောဒီးယား (၄) နိုင်ငံ ငါးဖမ်းလုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် လုပ်အားခေါင်းပုံဖြတ်ခြင်းဆိုင်ရာ လူကုန်ကူးမှုကိစ္စရပ်များအပေါ် လူသားချင်းစာ နာမှုအနေဖြင့် တရားဥပဒေအရ ပူးပေါင်း ဆောင်ရွက်ခြင်း အစည်းအဝေးကို နေပြည်တော်ရှိ Park Royal ဟိုတယ်၌ အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါ လေးနိုင်ငံအစည်းအဝေးကို လူကုန်ကူးခံရသူများအား ဥပဒေကြောင်း အရ အကူအညီပေးနိုင်ရန်၊ နိုင်ငံ အချင်းချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ပြီး လူကုန်ကူးမှုများဖော်ထုတ် ရန် သတင်းအချက်အလက်များ မျှဝေနိုင်ခြင်း၊ လူကုန်ကူးမှုများအပေါ် စုံစမ်းစစ်ဆေးမှုများ လွယ်ကူချောမွေ့စေရန်နှင့် အလေ့ အကျင့်ကောင်း များ မျှဝေနိုင်ရန်အတွက် အကျိုးကျေးဇူး များဖြစ်ပေါ်လာစေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း ရဲချုပ်က ပြောသည်။

ရေလုပ်သားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများကို အထောက်အကူပြုစေရန် ခေါင်းပုံဖြတ် သည့်ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များကို စုံစမ်းဖော်ထုတ်စေခြင်း၊ အသိပညာပေးခြင်း၊ လူသားအချင်းချင်း ရိုင်းပင်း ကူညီသော လူ့အသိုင်းအဝိုင်းတစ်ရပ် ကို ဖော်ဆောင်ခြင်းဖြင့် ဒေသတွင်း တစ်သားတည်း၊ တစ်စိတ်တည်းဖြစ်ပေါ် လာ စေကြောင်းနှင့် လေးနိုင်ငံအတွင်း လူကုန်ကူးမှုများ လျော့နည်းကျဆင်းရေး အား ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ရဲချုပ်ဇော်ဝင်းက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.