Connect with us

Politics, Law & Military

NCA စာချုပ်တွင် လက်မှတ်ရေး ထိုးထားခြင်းမရှိသော အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရန် စတုတ္ထ အကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေး ဒုတိယနေ့ ကျင်းပ

ရန်ကုန်မြို့ရှိ NRPCတွင် စတုတ္ထ အကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

NCA စာချုပ်တွင် လက်မှတ်ရေး ထိုးထားခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လက်မှတ်ရေးထိုးနိုင်ရန်အတွက် စတုတ္ထအကြိမ် နိုင် ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC)တွင် ဆက်လက်ကျင်းပ လျက်ရှိသည်။

ယင်း စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်တစ်ခုလုံး သုံးသပ်မှုများ ပြုလုပ်မည့်အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အတွက် အတည်ပြုဆွေးနွေး ကြမည်ဖြစ်သည်။

အဆိုပါ မူဘောင်ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) တက်ရောက် ခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ခြင်းကို ဦးစားပေးဆွေးနွေးရန် တောင်းဆိုခဲ့၍ အဆိုပါကိစ္စရပ်များ ကိုသာ ဦးစားပေးဆွေးနွေးလျက်ရှိသည်။

ယနေ့အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၈ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၅ ဦးတက်ရောက် ဆွေးနွေးခဲ့ပြီး အဆိုပါ အစည်းအဝေးကို အောက်တိုဘာ ၁၈ရက်နေ့မှ စတင်ဆွေးနွေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.