Connect with us

Africa & Middle East

အစ္စရေး-ဂါဇာ တင်းမာမှုပြင်းထန်နေသည်မှာ ငါးရက်မြောက်ပြီဖြစ်သော်လည်း အပစ်အခတ်ရပ်စဲမည့် အရိပ်အယောင်မတွေ့မြင်သေး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း Khan Younis မြို့တွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်အပျက်အစီးများအား ကြည့်ရှုနေသည့် ပါလက်စတိုင်းပြည်သူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မေ ၁၅ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် အစ္စရေးနှင့် အစ္စလာမ်မစ် ဟာမက်စ် လှုပ်ရှားမှုအဖွဲ့အကြား တင်းမာမှုသည် မေ ၁၄ ရက်၌ ၅ ရက်မြောက်နေ့အဖြစ် ရောက်ရှိလာခဲ့ပြီး အပစ်အခတ်ရပ်စဲရေး လက္ခဏာတစ်စုံတစ်ရာ မတွေ့မြင်ရသေးကြောင်း သိရသည်။

ဂါဇာမြို့တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများပြီးနောက် ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာမြို့တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများပြီးနောက် ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာမြို့တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများပြီးနောက် ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ တောင်ပိုင်း Sderot မြို့အနီးရှိ အစ္စရေးနှင့် ဂါဇာကမ်းမြောင်ဒေသ နယ်စပ်အနီးတွင် အစ္စရေး မြေပြင်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

အစ္စရေးနိုင်ငံ တောင်ပိုင်း Sderot မြို့အနီးရှိ အစ္စရေးနှင့် ဂါဇာကမ်းမြောင်ဒေသ နယ်စပ်အနီးတွင် အစ္စရေး မြေပြင်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

တစ်ညလုံးနှင့် အရုဏ်မတက်မီချိန်အထိ နှစ်ဘက်ကြား စစ်ရေးအရ အပြန်အလှန်ပစ်ခတ်မှုမှာ ပြင်းထန်ခဲ့ကြောင်း၊ စစ်သွေးကြွများသည် အစ္စရေးနိုင်ငံဘက်အခြမ်းသို့ အမြောက်များဖြင့် ပစ်ခတ်ခဲ့သလို အစ္စရေး တိုက်ခိုက်ရေးဂျက်လေယာဉ်များကလည်း ပါလက်စတိုင်းနယ်မြေထဲသို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဟာမက်စ်၏ ကျန်းမာရေးဝန်ကြီးဌာနက ဂါဇာကမ်းမြောင်ဒေသတွင် မေ ၁၀ ရက်မှစ၍ ကလေးငယ် ၃၁ ဦးနှင့် အမျိုးသမီး ၂၀ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၁၂၂ ဦးသေဆုံးခဲ့ပြီး အခြားသူ ၉၀၀ ဒဏ်ရာရရှိခဲ့ကြောင်း စာသတင်း၌ ပြောကြားထားသည်။

အစ္စရေး အမြောက်တပ်က မေ ၁၄ ရက်တွင် တင့်ကားများဖြင့် ဂါဇာမြို့အရှေ့ပိုင်းသို့ ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများနှင့် ပါလက်စတိုင်း လုံခြုံရေးသတင်းရင်းမြစ်များက ဆင်ဟွာသို့ ပြောခဲ့သည်။

အရုဏ်မတက်မီတွင် တင့်ကားများက ဂါဇာမြောက်ပိုင်းရှိ Beit Lahia မြို့အား ပစ်ခတ်ခဲ့ရာ မိခင်တစ်ဦးနှင့် ၎င်း၏ကလေး ၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးသတင်းအရင်းအမြစ်များအရ သိရသည်။

အဆိုပါ မိသားစု၏ နေအိမ်သို့ ပစ်ခတ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းကို မသိရသေးကြောင်း၊ ယင်းအခြေအနေက နှစ်ဘက်ကြား တင်းမာမှုကို ပိုမိုတိုးပွားလာစေနိုင်ကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။

အစ္စရေး တပ်ဖွဲ့များသည် ဟာမက်စ်အဖွဲ့ပိုင် နေရာများအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေး၌ စစ်ဂျက်လေယာဉ် ၁၆၀ စင်း၊ အမြောက်တပ်နှင့် တင့်ကားများ ပါဝင်ခဲ့ကြောင်း အစ္စရေး စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

မေ ၁၄ ရက်မတိုင်မီ ညတွင်းချင်းနှင့် ယင်းနေ့နံနက်ပိုင်းတွင် ပစ်မှတ်နေရာ ၁၅၀ သို့ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာအများစုမှာ မြေအောက်တွင် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။

အစ္စရေးစစ်တပ်အနေဖြင့် အစ္စရေးဘက်ခြမ်းသို့ ဒုံးကျည်ပစ်ခတ်သော စစ်သွေးကြွများအား ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများ ပြင်းထန်လာသဖြင့် ဟာမက်စ်နှင့် အစ္စလာမ်မစ်ဂျီဟတ် စစ်သွေးကြွများကလည်း အစ္စရေးဘက်သို့ အမြောက်များ ပိုမိုပစ်ခတ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ဟာမက်စ်၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Al-Qassam တပ်မဟာများက ပါလက်စတိုင်းနယ်မြေအတွင်းရှိ “အရပ်သားများအား ပစ်မှတ်ထားသော” အစ္စရေးအား တုံ့ပြန်သောအားဖြင့် အစ္စရေးနိုင်ငံ Ashkelon မြို့အား ဒုံးကျည် ၁၀၀ စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စလာမ်မစ်ဂျီဟတ်၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Al-Quds တပ်မဟာများကလည်း ၎င်းတို့၏ စစ်သွေးကြွများက အစ္စရေးနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းရှိ အစ္စရေးမြို့များသို့ ဒုံးကျည်များဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။

ဂါဇာစစ်သွေးကြွအုပ်စုများက အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည် ၁,၇၅၀ စင်းကျော် ပစ်ခတ်ခဲ့ကြောင်း၊ ဒုံးကျည်အများစုကို ဒုံးခွင်းဒုံးစနစ်ဖြင့် ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။ ဂါဇာမှ ပစ်ခတ်သော ဒုံးကျည်များကြောင့် အစ္စရေးနိုင်ငံသား အနည်းဆုံး ၉ ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်ဘက် တည်ငြိမ်မှုရရှိစေရန် ဆက်သွယ်မှုများမှာလည်း အောင်မြင်မှုမရှိခဲ့ကြောင်း၊ အီဂျစ်၊ ကာတာနှင့် ကုလသမဂ္ဂတို့ကလည်း နှစ်ဘက်ကြား အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြားဝင်စေ့စပ်မှုကို ဦးဆောင်လျက်ရှိကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
Israel-Gaza violent tension continues for 5th day with no sign of cease-fire
Source: Xinhua| 2021-05-15 00:02:48|Editor: huaxia
GAZA, May 14 (Xinhua) — Tension between Israel and the Islamic Hamas movement continued for the fifth day on Friday in the Gaza Strip with no sign of any truce.
Overnight and at predawn, the tit-for-tat violent military confrontations between the two sides were intensified. Militants fired more barrages of rockets into Israel, and Israeli fighter jets kept striking on the enclave.
The Hamas-run ministry of health said in a text message that 122 Palestinians have been killed, including 31 children and 20 women, and 900 others injured since Monday in the Gaza Strip.
Eyewitnesses and Palestinian security sources told Xinhua that Israeli army artillery on Friday struck the eastern area of Gaza city with tanks, killing at least two.
At predawn, tanks hit the northern Gaza town of Beit Lahia, killing a mother and her four children, according to medical sources.
The reason behind hitting the family’s house wasn’t known, which might ignite more tension between the two sides, the eyewitnesses said.
An Israeli army spokesman said in a press statement that the Israeli forces had intensively attacked posts that belong to Hamas, adding that 160 war jets, artillery, and tanks participated in the military operation.
The statement said 150 targets were hit overnight and on Friday morning, adding that many of the targets were underground.
It said the Israeli army will continue its strikes on the militants who fire rockets at Israel.
As the Israeli bombardments were intensified, Hamas and Islamic Jihad militants announced that their militants fired more barrages of rockets into Israel.
Al-Qassam Brigades, Hamas’ armed wing, claimed responsibility for launching 100 rockets at the Israeli city of Ashkelon, in response to Israel’s “targeting of civilians” in the enclave.
Al-Quds Brigades, the armed wing of Islamic Jihad, also said that its militants carried out intensive rocket strikes at Israeli cities in southern and central Israel.
The Israeli army said Gaza militant groups have fired more than 1,750 rockets at Israel, most of which were intercepted by the Iron Dome defense system. The rockets fired from Gaza killed at least nine Israelis and wounded 200 others.
Meanwhile, Palestinian sources said the contacts to reach calm between the two sides had so far failed, adding that Egypt, Qatar and the United Nations lead the mediation between the two sides for reaching a truce. Enditem
1- Palestinians inspect the rubble of a house destroyed by Israeli air strikes in the southern Gaza Strip city of Khan Younis, on May 14, 2021. Tension between Israel and the Hamas-led militant groups has been flaring up since Monday, leaving 122 Palestinians and nine Israelis killed, according to Palestinian and Israeli official figures. (Photo by Yasser Qudih/Xinhua)
2-3, 4 -Photo taken on May 14, 2021 shows explosions following Israeli air strikes in Gaza City. Tension between Israel and the Hamas-led militant groups has been flaring up since Monday, leaving 122 Palestinians and nine Israelis killed, according to Palestinian and Israeli official figures. (Photo by Rizek Abdeljawad/Xinhua)
5- 6- Israeli ground forces are seen near the border between Israel and the Gaza Strip near southern Israeli city of Sderot, on May 14, 2021. Tension between Israel and the Hamas-led militant groups has been flaring up since Monday, leaving 122 Palestinians and nine Israelis killed, according to Palestinian and Israeli official figures. (JINI via Xinhua)