Connect with us

Africa & Middle East

ဂါဇာရှိ ဟားမက်စ်များအပေါ် စစ်ပွဲအရှိန် မြှင့်တင်ရန် အစ္စရေးအစိုးရအဖွဲ့ဆုံးဖြတ်

ဂျေရုဆ လင်၊မေ ၁၃ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ်နောက်ပိုင်း အစ္စရေး နှင့် ပါလက်စတိုင်းအကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း ဟားမက်စ်တို့ထိန်းချုပ်ထားရာ ဂါဇာတွင် စစ်ပွဲအရှိန်မြှင့်တင်သွားရန် အစ္စရေးနိုင်ငံလုံခြုံရေးကက်ဘိနက်က မေ ၁၂ ရက်၌ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

အစ္စရေးဘက်မှ ဂါဇာဘက်သို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေစဉ် (ဆင်ဟွာ)

အစ္စရေးဘက်မှ ပစ်လွှတ်သော ဒုံးကျည်ထိမှန်သွားသည့် ပါလက်စတိုင်း အဆောက်အဦတစ်လုံးအား တွေ့ရစဉ်(ဆင်ဟွာ)

နှစ်ဖက်ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် နိုင်ငံတကာမှ ကြိုးပမ်းဆောင်ရွက်နေလင့်ကစား ပါလက်စတိုင်းအုပ်စုနှင့် မည်သည့်ဖြစ်နိုင်သမျှ အပစ်အခတ်ရပ်စဲရေး မလုပ်ဆောင်မီကာလအတွင်း “ ဟားမက်စ်များအပေါ် အပြင်းထန်ဆုံးတိုက်ခိုက်မှုတစ်ခုပြုလုပ်သွားရန်” အစ္စရေး လုံခြုံရေးကက်ဘိနက်က ဆုံးဖြတ်ခဲ့ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

အဆင့်မြင့် ဟားမက်စ်တပ်မှူးများအား အစ္စရေးက လေကြောင်းဖြင့် တိုက်ခိုက်သုတ်သင်ခဲ့ခြင်းသည် “ကနဦးအစမျှသာရှိသေးကြောင်း” အစ္စရေးနိုင်ငံဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုက ပြောကြားခဲ့သည်။

“ ဟားမက်စ် နဲ့ အစ္စလာမ်မစ်ဂျီဟက်အကြမ်းဖက်တွေဟာ တန်ဖိုးကြီးကြီးမားမားပေးဆပ်ရလိမ့်မယ်” ဟု နေတန်ယာဟု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုများ နှင့် ဒုံးကျည်များဖြင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဂါဇာတွင် အနည်းဆုံး လူပေါင်း ၆၅ ဦး နှင့် အစ္စရေးတွင် ၇ ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရသည်။

တစ်ချိန်တည်းမှာပင် ဟားမက်စ်တို့အနေဖြင့် အစ္စရေးနှင့် မည်သည့်အပစ်အခတ်ရပ်စဲရေးအတွက်မဆို အစ္စရေးဘက်က “ Al-Aqsa ဗလီ နှင့် Sheikh Jarrah ၏ အနီးအနားရှိ ဂျေရုဆလင်တွင် အကြမ်းဖက်မှုများ လုံးဝရပ်တံ့ရမည်ဖြစ်ကြောင်း ” ဂါဇာရှိ ဟားမက်စ်ပြောရေးဆိုခွင့်ရှိသူ Fawzi Barhoum က မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဘက်ရဲ့ အဖြေကရှင်းပါတယ်။ ဂါဇာကမ်းမြောင်အပေါ် လေကြောင်းတိုက်ခိုက်မှုတွေ မရပ်တံ့မခြင်း ၊ ဂျေရုဆလင်မှာ အစ္စရေးက ဝင်ရောက်တိုက်ခိုက်မှုတွေ မရပ်တံ့မခြင်း ဘယ်လိုအပစ်အခတ်ရပ်စဲရေးမှ ဖြစ်လာလိမ့်မယ် မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။(Xinhua)————————————
(English Version)
Israeli cabinet decides to escalate campaign against Gaza’s Hamas
JERUSALEM, May 12 (Xinhua) — Israel’s security cabinet decided on Wednesday to escalate the military campaign against Gaza’s ruler Hamas, amid the heaviest fighting between the two sides since 2014.
A government spokesperson said the cabinet decided to “hit Hamas with a serious blow” before considering any possible cease-fire with the Palestinian group, despite international efforts to broker calm.
Israeli Prime Minister Benjamin Netanyahu warned that the killing of senior Hamas commanders in Israeli airstrikes “was only the beginning.”
“Hamas and Islamic Jihad terrorists would pay a heavy price,” Netanyahu said in a statement.
At least 65 in Gaza and seven in Israel were killed by airstrikes and rockets, according to official reports.
A Hamas official said on Wednesday that Hamas’ conditions for any cease-fire with Israel are that Israel “completely stops violations against Al-Aqsa Mosque and the neighborhood of Sheikh Jarrah in Jerusalem.”
“Our answer was clear that there would be no cease-fire before stopping the Israeli assaults in Jerusalem and stopping the airstrikes on the Gaza Strip,” the source added. Enditem