Connect with us

Africa & Middle East

ဆော်ဒီနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲခဲ့၍ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

ဆော်ဒီနယ်စပ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့စဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံနှင့် နီးကပ်နေသော ဆော်ဒီအာရေဗျနိုင်ငံ ရှိ နယ်စပ်မြို့တစ်မြို့တွင် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့၍ ဆော်ဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဖေဖော်ဝါရီ ၂ ရက်တွင် တွစ်တာ၌ ဖော်ပြခဲ့သည်။

ယင်း မြေမြှုပ်မိုင်းကြောင့် အဆိုပါ ဧရိယာအတွင်း လုံခြုံရေးလှည့်လည်နေသော မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူအရေအတွက်ကို အတည်ပြုထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။သေဆုံးသွားသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်သည် ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ယီမင်နိုင်ငံမှ ဟူသီ စစ်သွေးကြွအုပ်စုအား တိုက်ခိုက်ခဲ့သည့် ၂၀၁၅ခုနှစ် မတ်လမှ စ၍ နောက်ဆုံးသေဆုံးခဲ့သော တပ်ဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင်လည်း အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ပြီး Jazan မြို့တွင် ဆော်ဒီစစ်သားတစ်ဦး လမ်းမိုင်းကြောင့် သေဆုံးခဲ့ရသည်။

မတူညီသော နယ်စပ်မြို့များတွင် ဆော်ဒီနိုင်ငံသား များစွာ အသက်ခံနေရပြီး အများစုမှာ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးကြရခြင်းဖြစ်ကြောင်း သိရသည်။ယီမင်နိုင်ငံ ရွေးကောက်ခံအစိုးရအား ထောက်ပံ့သူများနှင့် ဟူသီသူပုန်များအကြား တိုက်ရိုက်တိုက်ခိုက်မှုများ (သို့) မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ယီမင်နိုင်ငံသား ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117