Connect with us

Africa & Middle East

တူရကီ အမျိုးသမီး အလွတ်တမ်း ရေငုပ်သမား ဂင်းနစ် စံချိန်ချိုး

ဂင်းနစ်စံချိန်ဝင်ခဲ့သူ တူရကီ အမျိုးသမီး ရေငုပ်သမား Derya Can အား ဆုနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

တူရကီ အမျိုးသမီး Derya Can က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရေခဲအောက်ရှိ ရေထဲ၌ မီတာ ၁၂၀ အလျားလိုက် အလွတ် ရေငုပ်ခြင်းဖြင့် ဂင်းနစ် ကမ္ဘာ့ စံချိန် ချိုးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်း ဖော်ပြထားသည်။

၎င်းနှင့်အတူ ခင်ပွန်းနှင့် နည်းပြတို့က တွဲဖက် လိုက်ပါပေးခဲ့ပြီး သြစတြီးယားရှိ အပေါ်ယံ ၃၅ စင်တီမီတာခန့် ရေခဲနေသော Weissensee ကန်တွင် ရေအောက် ၁၂၀ မီတာအား ၁ မိနစ် ၄၇ စက္ကန့်အတွင်း ရေကူးခဲ့ခြင်းဖြင့် ဂင်းနစ်စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။Can ၏ ယခု စံချိန်သည် ပြင်သစ်နိုင်ငံမှ Aurore Asso ၏ စံချိန် ၁၁၂.၃ မီတာကို ချိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။Can သည် ၂၀၁၆ ဒီဇင်ဘာလတွင် အန်တဲလ်ယာပြည်နယ်တွင် ရေယက်များဖြင့် ၁၁၁ မီတာအထိ ရေငုပ်ပြီး ဂင်းနစ် စံချိန် တစ်ကြိမ်၊ ရေယက်မပါဘဲလျက် ၉၄ မီတာ အနက်အထိ ရေငုပ်ခြင်းဖြင့် ဂင်းနစ် စံချိန် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဂင်းနစ်စံချိန်ဝင်နိုင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117