Connect with us

Africa & Middle East

အီဂျစ်သမ္မတဟောင်းမော်စီ အားထောင်ဒဏ်အတည်ပြု

အီဂျစ်တရားရုံတစ်ခု၌ရုံးတင်စစ်ဆေးခံနေရသော သမ္မတဟောင်း မော်စီကိုတွေ့ရစဉ်။(ဆင်ဟွာ)

ကိုင်ရို၊အောက်တိုဘာလ ၂၃ ရက်(ဆင်ဟွာ)

ဖြုတ်ချခံခဲ့ရသော အစ္စလမ်မစ်ဝါဒီသမ္မတဟောင်း မိုဟာမက်မော်စီ ထောင်ဒဏ်အနှစ် ၂၀

ချမှတ်ခဲ့ခြင်းအား အီဂျစ်တရားရုံးတစ်ရုံးကအောက်တိုဘာလ ၂၂ ရက်တွင်အတည်ပြုခဲ့ကြောင်းသိ

ရသည်။အဆိုပါထောင်ဒဏ်အနှစ် ၂၀ အား ၂၀၁၂ ခုနှစ်ကသမ္မတနန်းတော်အပြင်ဘက်တွင်ဖြစ်ပွား

ခဲ့သောအကြမ်းဖက်မှုနှင့်လူသတ်မှု များအတွက်တာဝန်ရှိသည်ဟူသောစွဲချက်များဖြင့်စစ်ဆေးအပြစ်

ပေးခဲ့ခြင်းဖြစ်သည်။

အီဂျစ်နိုင်ငံ၏အမြင့်ဆုံးတရားရုံးလည်းဖြစ်သော Court of Cassation ကမော်စီ၏အယူခံကို

ပယ်ချကာပြစ်ဒဏ်ကိုအတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းကသမ္မတနန်းတော်

၏အပြင်ဘက်တွင် မော်စီ ကိုထောက်ခံသူများနှင့်ဆန့်ကျင်သူများခိုက်ရန်ဖြစ်ပွားစဉ် လူ ၁၀ ဦးသေဆုံး

ခဲ့ရမှုနှင့်ပတ်သက်၍ ၎င်းအားတရားစွဲခဲ့ခြင်းဖြစ်သည်။ မော်စ ီကို အီဂျစ်စစ်တပ်က ၂၀၁၃ ခုနှစ်အတွင်း

ကဖြုတ်ချခဲ့သည်။

ထို့ပြင် ၂၀၁၅ ခုနှစ် မေလ ၁၇ ရက်တွင်လည်း မော်စီ နှင့် ၎င်း၏ မွတ်စလင်ညီနောင်ပါတီကို

ထောက်ခံသူ ၁၀၆ ဦးအား ၂၀၁၁ ဆူပူမှုအပြီး လူအများအပြား ထောင်ဖောက်ပြေးမှုနှင့်ပတ်သက်၍

သေဒဏ်များပေးခဲ့သေးသည်။၂၀၁၆ ခုနှစ်ဇွန်လတွင်လည်း မော်စီနှင့်အခြား မွတ်စလင်ညီနောင်ပါတီ

ဝင် ခုနှစ်ဦးအား အီဂျစ်နိုင်ငံ၏လုံခြုံမှုကိုဆန့်ကျင်ချိုးဖောက်လျက် စစ်သွေးကြွ ဟားမားစ်နှင့်ဟစ်ဇ်ဘို

လာ အဖွဲ့များနှင့်လျှို့ဝှက်ကြံစည်ကြောင်းစွပ်စွဲမှုတွင် အပြစ်ရှိကြောင်းတွေ့ရ၍အီဂျစ်တရားရုံးက တစ်

သက်တစ်ကျွန်း ထောင်ဒဏ်များပေးခဲ့သေးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117