Connect with us

Africa & Middle East

ကင်ညာ နိုင်ငံတွင် လူပေါင်း ၂.၇ သန်း အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့ပေးရန် လိုအပ်နေ

တရုတ် နိုင်ငံ မှ ကင်ညာ နိုင်ငံ အား စားနပ် ရိက္ခာ များ ထောက်ပံ့နေစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ အမျိုးသား သဘာဝဘေး ထိန်းချုပ်ရေး အဖွဲ့အစည်း က အဆက်မပြတ် မိုးခေါင်ရေရှား သည့် သဘာဝ ဘေးဒုက္ခကြောင့် လက်ရှိအချိန်တွင် ကင်ညာ နိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာ၌ လူပေါင်း ၂.၇ သန်း အား အရေးပေါ် စားနပ် ရိက္ခာ ထောက်ပံ့ပေးရန် လိုအပ်နေကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့ က ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ကင်ညာ နိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာ တွင် စားနပ်ရိက္ခာ လိုအပ်မှု အခြေအနေ သည် အဆက်မပြတ် ပိုမို ဆိုးရွား လာကြောင်း ၊ အထူးသဖြင့် ကင်ညာ နိုင်ငံ မြောက်ပိုင်း မိုးခေါင်ရေရှားမှု ဖြစ်ပွားသည့် ဒေသ ၉ ခု တွင် ပိုမို ဆိုးရွားကြောင်း ဖော်ပြထားသည်။

ကင်ညာ နိုင်ငံ ဒုတိယ သမ္မတ William Ruto က အစိုးရ အနေဖြင့် လာမည့် ၅ လ အတွင်း ဘေးဒုက္ခ ကျရောက်သည့် ဒေသရှိ ပြည်သူများထံသို့ အမေရိကန် ဒေါ်လာ ၁၆ သန်းခန့် တန်ဖိုးရှိသော စားနပ်ရိက္ခာ များကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ ကင်ညာ အစိုးရ အနေဖြင့် ဆောင်ရွက်နိုင်သည့် အရာအားလုံးကို ဆောင်ရွက်ခြင်းဖြင့် မည်သည့် တစ်ဦးတစ်ယောက် မျှ အငတ်ဘေးကြောင့် သေဆုံးခြင်း မရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကင်ညာ နိုင်ငံ မီဒီယာ များက ယခင်နှစ် အောက်တိုဘာ လ မှ ဒီဇင်ဘာလ အထိ မိုးရာသီ ကာလ အတွင်း ကင်ညာ နိုင်ငံ အတွင် မိုးရွာသွန်းမှု အတိုင်းအတာ သည် ယခင်နှစ် ပျမ်းမျှ မိုးရွာသွန်းမှု ပမာဏ ထက် များစွာ လျော့နည်း ခဲ့ပြီး မိုးခေါင်ရေရှားမှု အခြေအနေကြောင့် ကင်ညာ နိုင်ငံရှိ သန်းနှင့်ချီသော ပြည်သူ တို့၏ လူနေမှု ဘဝ ကို အနှောင့်အယှက် ဖြစ်စေခဲ့ကြောင်း ဖေါ်ပြခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.