Connect with us

Africa & Middle East

ကမ္ဘာ့ဘဏ်က ချေးငွေ ကန်ဒေါ်လာ ၂၅၀ သန်း ဂျော်ဒန် လက်မှတ်ရေးထိုး

ကမ္ဘာ့ဘဏ် လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အမ်မန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံက တိုင်းပြည်၏ လျှပ်စစ်နှင့် ရေ အရင်းအမြစ် ကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ထောက်ပံ့ရန် ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ အား လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

အဆိုပါ ချေးငွေအား ဆိုင်းငံကာလ ၅နှစ်အပါအဝင် တစ်နှစ်လျှင် အတိုးနှုန်း ၁.၂၅ ရာခိုင်နှုန်းခန့်ဖြင့် ၃၅ နှစ် အရစ်ကျ ပြန်ဆပ်ရမည် ဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံ စီမံကိန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Imad Fakhoury က ချေးငွေ လက်မှတ်ရေးထိုးသည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

ယင်း ချေးငွေအား ၂၀၁၆ ခုနှစ် နှစ်ကုန်တွင် လွှဲပြောင်းမည် ဖြစ်ကြောင်း၊ ယင်း ချေးငွေဖြင့် နိုင်ငံ၏ မြေအောက်ရေ အရင်းအမြစ် ထိန်းသိမ်းရန်အတွက် ကူညီလုပ်ဆောင်မည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ဂျော်ဒန်နိုင်ငံသည် နှစ်ပေါင်းများစွာ ကသောင်းကနင်း ဖြစ်နေသည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအတွက် ဒေသအတွင်း နေသားတကျ ဖြစ်အောင် လုပ်ဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.