Connect with us

Africa & Middle East

ဆီးရီးယား တွင် သူပုန်များက ဓါတုလက်နက် အသုံးပြု၍ တိုက်ခိုက်မှုကြောင့် ၇ဦးသေ

ပြည်တွင်းစစ်များကြောင့် ပျက်စီးခဲ့ရသည့် အလက်ပိုမြို့တွင်း တစ်နေရာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကတ်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် သူပုန်များက ဓါတု ဓါတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် လူ ၇ဦးသေဆုံးပြီး အခြား လူ ၂၀ကျော်မှာ အသက်ရှူကျပ်သည့် ဝေဒနာများ ခံစားခဲ့ရကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာနတစ်ခုဖြစ်သည့် SANA သတင်းဋ္ဌာနက ရုရှားလေ့လာရေးစင်တာ တစ်ခုကို ကိုးကား၍ သြဂုတ် ၃ ရက်ကဖော်ပြခဲ့သည်။

အလက်ပိုမြို့ ရှိ အစိုးရကထိန်းချုပ်ထားသော Salahuddien ခရိုင် တွင် သြဂုတ် ၁ ရက်က Nour Addien al-Zinki သူပုန်အုပ်စု သည် အဆိပ်ဓါတ်ငွေ့များ ဖြည့်တင်းထားသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် အလက်ပိုမြို့၌ သူပုန်များ ဓါတုလက်နက် အသုံးပြု၍ တိုက်ခိုက်သည့် သတင်းအား အမေရိကန်နိုင်ငံသို့ အကြောင်းကြားခဲ့ကြောင်း SANA က ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် သူပုန်တို့ထိန်းချုပ်ထားသည့် Saraqeb မြို့၌ အစိုးရ တပ်ဖွဲ့များက သြဂုတ် ၂ ရက်တွင် ကလိုရင်းဓါတ်ငွေ့ဖြည့်တင်းထားသည့် ဗုံးများလေကြောင်းများ ကြဲချခဲ့ကြောင်း သူပုန်တို့က အစိုးရအား စွပ်စွဲခဲ့ကြသည်။
အစိုးရ နှင့် သူပုန်အဖွဲ့တို့သည် တိုက်ပွဲများအတွင်း ဓါတုပစ္စည်းများအသုံးပြုမှုအပေါ် တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြကြောင်း သိရသည်။
SANA သတင်းဋ္ဌာနက အလက်ပိုမြို့ ရှိ အစိုးရကထိန်းချုပ်ထားသော နယ်မြေများတွင် သူပုန်တို့၏ တိုက်ခိုက်မှုကြောင့် လူ၇ဦးသေဆုံးပြီး ၄၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
အစိုးရတပ်ဖွဲ့များက နိုင်ငံ အရှေ့ပိုင်းရှိ သူပုန်တို့ထိန်းချုပ်ထားသည့် နယ်မြေများအား တဖြည်းဖြည်း တိုက်ခိုက် သိမ်းယူလာမှုတို့နှင့်အတူ အလက်ပိုမြို့တွင် တိုက်ပွဲများ နှင့် အကြမ်းဖက်များ ပိုမို ပြင်းထန်လာပြီး တစ်ချိန်တည်းမှာပင် သူပုန်တို့ကလည်း ၎င်းတို့ ၏ နယ်မြေများကို ဝိုင်းရံပိတ်ဆို့ထားသည့် အစိုးရတပ်ဖွဲ့အား တိုက်ထုတ်ရန် ထိုးစစ်များစွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။
SANA က အလက်ပိုမြို့ ကျေးလက်ဒေသ ရှိ သူပုန်တို့၏ နယ်မြေများအပေါ် သြဂုတ် ၃ ရက်တွင် လေတပ်က လေကြောင်း စစ်ဆင်မှု ၁၀၀ကျော် ပြုလုပ်ခဲ့ပြီး သူပုန်တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ လျော့နည်းလာစေရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.