Connect with us

Africa & Middle East

ဆီးရီးယား မြောက်ပိုင်း လွတ်မြောက်ရေး တပ်ဖွဲ့ဝင်များ ဓာတုလက်နက် သုံးစွဲခဲ့ကြောင်း တူရကီ အစီရင်ခံ

ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်ရှိ Al-Bab ဒေသတွင် တိုက်ပွဲဖြစ်ပွားနေသည့် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် အိုင်အက်စ်တို့၏ တိုက်ခိုက်မှုများအပြီး၌ တူရကီ ကျောထောက်နောက်ခံပြု ဆီးရီးယား လွတ်မြောက်သော တပ်မတော်မှ တပ်ဖွဲ့ဝင်များတွင် ဓာတုလက်နက် ထိခိုက်မှု လက္ခဏာများ တွေ့ခဲ့ကြောင်း တူရကီ စစ်ဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ခါလစ်ဒီယာဒေသတွင် Euphrates Shield စစ်ဆင်ရေး၌ တူရကီ စစ်တပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်သည့် အဆိုပါ ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့ဝင် ၂၂ ဦးတွင် ဓာတုဓာတ်ငွေ့များ ထိခိုက်မှုရှိသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားထားသည်။

ထို့ပြင် အိုင်အက်စ်များနှင့် တိုက်ပွဲတစ်ခု၌ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတုလက်နက် ထိခိုက်မှုရှိသည့် ဆီးရီးယား စစ်သားများအား တူရကီနိုင်ငံ သဘာဝဘေးနှင့် အရေးပေါ် စီမံခန့်ခွဲမှု သမ္မတရုံးက အဖွဲ့ တစ်ဖွဲ့က Kilis နယ်စပ်မြို့သို့ သယ်ဆောင်ခဲ့ရကြောင်း သိရသည်။

ထို စစ်သားများအား ကိုင်တွယ် သယ်ဆောင်ရန် အရေးပေါ် လုပ်သားများက ဓာတု ကာကွယ်ရေး အထူး ဝတ်စုံများ ဝတ်ဆင်ခဲ့ရသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက Al-Bab အနီးရှိ အာနီဖာဒေသရှိ အိုင်အက်စ် ပစ်မှတ် လေးခုအား တူရကီ စစ်လေယာဉ်များက ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.