Connect with us

Africa & Middle East

နိုင်ဂျီးရီးယား လေတပ်၏ မှားယွင်းဗုံးကြဲခဲ့မှုကြောင့် ဒုက္ခသည်စခန်းမှ လူ ၅၂ဦးသေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ မှ ဒုက္ခသည်စခန်း အား မှားယွင်းဗုံးကြဲမိစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဂို့စ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ ဘော်နိုပြည်နယ် ရန်းမြို့ရှိ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) ၏ စခန်းတစ်ခုအား နိုင်ဂျီးရီးယားလေတပ်က မှားယွင်းဗုံးကြဲခဲ့မှုကြောင့် အနည်းဆုံး လူ၅၂ဦးသေဆုံးပြီး လူ၁၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လူသားချင်းစာနာထောက်ထားမှု အထောက်အကူပေးရေး အုပ်စုတစ်ခုဖြစ်သည့် Medicine San Frontiers (MSF) က ပြင်းထန်သော ပဋိပက္ခများမှ လွတ်မြောက်လာသည့် အားနည်းသူများအပေါ် ထို့သို့ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ခြင်းသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းပြီး လက်ခံ၍ မရကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

MSF လုပ်ငန်းဆောင်ရွက်မှု ဒါရိုက်တာ Jean-Clement Cabrol က ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို လေးစားသင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက အရေးပေါ်ဆေးကုသမှုခံယူသင့်သူများအား အလျင်အမြန်ပြောင်းရွှေ့ကာ ဆေးကုသပေးနိုင်ရန် ဝေဟင်နှင့် မြေပြင် အဖွဲ့အားလုံးကို အရေးပေါ်ခေါ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယား လေတပ် (NAF) က အဆိုပါ ဗုံးကြဲမှုသည် ကံဆိုးမှုဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီး ဘော်နိုပြည်နယ် ရန်းမြို့ရှိ IDPs စခန်းအား မတော်တဆဗုံးကြဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများ အသက်သေဆုံးခဲ့ခြင်း အတွက် အလွန်တရာဝမ်းနည်းရပါကြောင်း ထုတ်ပြန်ခဲ့သည်။

ဘော်နိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း ဒဏ်ရာရရှိသူများအား လိုအပ်သည့် အကူအညီများပေးနိုင်ရန် ဆေးရုံအားလုံး နှင့် ကျန်းမာရေးဋ္ဌာနများအား အသင့်အနေအထားရှိနေရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။

နိုင်ဂျီးရီးယားလေတပ်၏ တိုက်ဂျက်လေယာဉ်သည် Kala Balge ဧရိယာတွင် စစ်ဆင်ရေးတစ်ခုပြုလုပ်နေစဉ် အတွင်း ယင်းကဲ့သို့ မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကာ အပြစ်မဲ့ပြည်သူများ နှင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပေးရေး လုပ်သားများသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.